ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Feb 2025

       မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သောပန်းမျိုးဖြစ်ပါသည်။ ပန်းအရောင်မှာ အဖြူ၊ အနီ၊ ပန်းရောင်း၊ ဗေဒါရောင်တို့ရှိပါသည်။ မျိုးစေ့ပုလင်းများမှာယူပြီး စိုက်ပျိုးကြပါသည်။ မြန်မာအခေါ် ရိုးစိမ်းဖြူ၊ ကျောက်နီ၊ ချင်းမိုင်စသဖြင့် အပွင့်အရောင်ပေါ်မူတည်၍ ခေါ်ကြပါသည်။ နေရောင်ခြည်အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်ပါသည်။ အေးလွန်းသည့်အခါတွင်လည်း ပန်းများ ပွင့်နှုန်းလျော့တတ်ကြပါသည်။ ပန်းမျိုးစေ့ကို ဘောင်များဖြင့် ပျိုး‌ထောင်ထားရပါသည်။ ပျိုးထောင် ပြီး (၁၅)ရက်ခန့်အကြာတွင် စိုက်ကွင်းအ

04 Feb 2025

       ပန်းဂေါ်ဖီစိမ်းများကို ပြည်မြို့အနီးတစ်ဝိုက်ရှိရွာများဖြစ်သော ချောင်းနားတန်း၊ ပိုးခေါင်ရွာ များနှင့် ပြည်မြို့‌ပေါ်ဥယျာဉ်ခြံများဖြစ်သော ရှမ်းစုရွာ၊ ချင်းစု၊ ဥယျာဉ်စုရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ယခုဖေဖော်ဝါရီလ ပထမအပတ်တွင် ပြည်မြို့ပေါ်လက်လီဈေးများသို့ ရက်ခြား အပွင့် (၄၀-၅၀)ခန့် တင်သွင်းရောင်းချလျက်ရှိနေကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားမို့ ပြည်မြို့ပေါ် ဈေးကွက်အတွင်း ဈေးကောင်းလျက်ရှိပြီး ပန်းဂေါ်ဖီစိမ်း တစ်ပွင့်လျှင် ကျပ်(၁၅၀၀)နှုန်းထိ ရရှိပြီး ဖေဖ

04 Feb 2025

       ယခင်ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြည်မြို့ပေါ် အောင်ဆန်း၊ ပြည်သာယာရပ်ကွက်ရှိ ဥယျာဉ်စု၊ ရှမ်းစု၊ ချင်းစု၊ ရေပူစမ်း စတဲ့ ဥယျာဉ်ခြံမြေများမှထွက်ရှိသော ဒန့်သလွန်သီး တောင့်များနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာ၊ ညောင်ပင်စုရွာ၊ မန်ကျည်းစုရွာတို့မှ ပြည်မြို့ပေါ်ဈေး များသို့ ရက်ခြားအတောင့် (၅၀-၆၀)ခန့် စတင်ဝင်ရောက်မှုရှိနေသည့်အတွက် ဈေးကောင်းရလျက် ရှိပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးနှုန်းမှာ အတောင့်ချောလျှင် တစ်တောင့်ကို ကျပ်(၄၅၀-၅၀၀)နှုန်းရရှိပြီး အတောင့်သေးလျှင် ကျ

04 Feb 2025

       ယခုဇန်နဝါရီနောက်ဆုံးပတ်တွင် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်းမှ မိုးစိုက်ကြက် သွန်နီများ ဝင်ရောက်မှုများနေကြောင်းသိရပြီး တစ်ရက်လျှင် အောင်လံ၊ တောင်တွင်း၊ စစ်တလင်း ဘက်မှ ကြက်သွန်နီပိဿာချိန် (၇၀၀၀)ခန့် ရေနံချောင်းကြက်သွန်နီ ပိဿာချိန် (၄၀၀၀) ခန့်နှင့် ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီ ပိဿာချိန် (၅၅၀၀)ခန့် အဝင်ရှိပြီး စုစုပေါင်း တစ်ရက်ကိုပိဿာ ချိန် (၁၆၅၀၀)ခန့် အဝင်ရှိနေကြောင်း သိရှိရပါသည်။ အဝင်များ လှိုင်လှိုင်ဝင်ရောက်နေသဖြင့် ပြည် ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်များနေပ

04 Feb 2025

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် ဘိလပ်မြေပြတ်လပ်မှု မရှိသော်လည်း ဈေးနှုန်းအနဲငယ်မြင့်တက်ခဲ့ပြီး ထားဝယ်မြို့တွင် ဈေးနှုန်းမြင့်တက်ရုံသာမက ဘိလပ်မြေ ပြတ်လပ်မှုများပါ ဖြစ်ပေါ်ခဲ့ပါတယ်။

          ထားဝယ်မြို့တွင် ပြီးခဲ့သည့်အပတ်  (၂၇.၁.၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေများ ပြတ်လပ်လျက်ရှိ ပြီး တစ်အိတ်လျှင် (၂၈၀၀ဝိ/-)မှ (၃၈၀၀ဝိ/-) ခန့်အထိ ဈေးနှုန်းများမြင့်တက်သွားခဲ့ပါသည်။

Pages