ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်အတွင်း မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများမှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်သည့်အတွက် ဝါစိုက်တောင်သူသာမက ကျေးရွာနေ ပြည်သူများပါ ဝါစွတ်(ဝါကောက်) ရ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း ပခန်းကြီးကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦးထံမ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ်၊ ကျောင်းကြားရပ်ကွက်ရှိ မိုးစပါးစိုက်တောင်သူတစ်ဦးနှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေများတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးကြသည့်အပြင် ဖီးကြမ်းငှက်ပျောကိုလည်း စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ မိုးစိုက်(ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ဈေးနှုန်းများ ယခင်တပတ်ထက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေပြီး တစ်ရက်လျှင် ကုန

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲပုပ်သီးနှံများလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံ(အသစ်)များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် ပဲပုပ်သီးနှံကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူကျွန်းဒေသများ ဖြစ်သည့် မြစ်ခြေ၊ ကမ္မ၊ ကျွန်းရွာများနှင့် နီးစပ်ရာကျေးရွာများအပြင် မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူမြိ
