ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Jan 2025

          မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေးအတွင်း တို့စရာ သရက်ကင်းသီးစိမ်းများ ရောင်းချလျက်ရှိ၍ သရက်သီးစိုက်ပျိုးသူထံ ထွက်ရှိမှုနှင့် ရောင်းချနေမှုများကို ကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရသည်။

30 Jan 2025

          မန္တလေးကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှုမှာ   ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပုံမှန်ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာ  တောင်အင်းမြောက်အင်း ကျေးရွာ၊ မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိ သည့် အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊  မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုး ထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်းအခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်းဒေသ ကြီး တို့မှလည်း   ဝင်ရော

30 Jan 2025

           ပြည်တွင်းစားဆီကြိတ်ခွဲမှုတွင် အရေးပါသည့်ဆီထွက်သီးနှံနှမ်းမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက်ရရှိထားသော အမယ်တစ်ခုဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်း နှင့

30 Jan 2025

           ကုလားပဲသီးနှံမှာမန္တလေးစျေးကွက်အတွင်းအ‌ရောင်းသွက်သည့်ကုန်စည်ုဖြစ်ပြီး၊ ပြည်တွင်း စျေးကွက်တွင် စားသုံးမှုများပြားပြီး၊ပြည်ပတင်ပို့သည့်အမယ်တစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ဆောင်းသီးနှံကုလားပဲအဖြစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး၊ ဖေဖော်ဝါရီလ လယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း‌

30 Jan 2025

               ဆောင်းရာသီကာလဖြစ်သည့် အားလျော်စွာ မန္တလေးမြို့အနီးတဝိုက်ရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်နှင့် စစ်ကိုင်းတိုင်းဒေသတို့မှ ထွက်ရှိသည့် ထန်းမြစ်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြန်မာလူမျိုးများ၏ ရာသီစာဖြစ်ပြီး စားသုံး သူများလည်း ကြိုက်နှစ်သက်ခြင်းကြောင့် ဝယ်ယူမှုများရှိနေကြောင်း ထန်းမြစ်ရောင်းချသည့် ဆိုင်များမှ သိရှိရပါသည်။

Pages