ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ ဒီဇင်ဘာလဆန်းမှစ၍ မိုးကြက်သွန်နီ(အသစ်)များလည်း ယခုဇန်နဝါရီ(စတုတ္ထပတ်)ထိ အရောင်းအဝ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦး တို့သည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ၊ လက်ကား အရောင်းဆိုင်များသို့ (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိမရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မုန်လာဥ သီးနှံတစ်မျိုးဖြစ်သော မုန်လာဥဖြူကို ရေလုံလောက်စွာရရှိပါက အိမ်၊ မြေ ဥယာဉ်ခြံများ၌ တစ်နှစ် ပတ်လုံး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော (တံမြက်စည်း ကုန်ကြမ်း) ကိုင်းဘောမှာ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ရာသီပေါ်ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလပထမပတ်မှစတင်၍ ဈေးကွက်ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလပိုင်းတွင် ပစ္စည်းလှိုင်လှိုင်ထွက်ရှိပြီး ကိုင်းဘောအပင်မှအဖူးများ ပွင့်သွားလျင် အရည်အသွေးကျဆင်းပြီး မတ်လကုန် ဧပြီလဆန်းရောက်လျှင် ကိုင်းဘောရာသီမှာ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Yadanarbon Global Network Distribut ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၃၄ ပေပါကို ယာဥ်မောင်း ဦးဝင်းမြင့်၊ မော်တော်ယာဥ်အမှတ် 9H-3895 Nissan Diesel အမျိုးအစား မော်တော် ယာဥ်တို့ဖြင
