ကုန်သွယ်မှုသတင်းများ
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့၊ နံနက် (၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ အောက်ရေပုန်းရပ်၊ စာကြည့်တိုက်အရှေ့၌ ရပ်ကွက်နေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီနှင့်အတူ အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။ အခြေခံစားသောက် ကုန်များရောင်းချရာတွင် ဆန်၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့ပါဝင်ပြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမ၊ စည်ပင်၊ စသ

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပဲမျိုးစုံတင်သွင်း မှုကို မြှင့်တင်ခဲ့ရာ ၂၀၂၄ ပြက္ခဒိန်နှစ်အတွင်း စုစုပေါင်းတန်ချိန် ၆၆.၃၃ သိန်းခန့်ဖြင့် နှစ်ဆခန့်တိုး တက်လျက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြ ပါသည်။

ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပို့ ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Samheng Bora ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီ စတုတ္ထပတ်အတွင်း တိုကျိုမြို့ရှိ MIRARTH Holdings ၏ ဌာနချုပ်၌ ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Kazuichi Shimada နှင့် အကြီးတန်းအရာရှိများနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Samheng Bora ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဂျပန်ဈေးကွက်သို့ ကမ္ဘောဒီးယား ဆန်တင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ ဂျပန်နိုင်ငံ၏ ထိပ်တန်း ဆန်တင်သွင်းသူ (၃) ဦးနှင့် အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းပြီး တန်ချိန် ၇.၅ သန်းသို့ ကျဆင်းဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။
