မိတ္ထီလာမြို့အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်သာယာ ဈေးတွင်အာလူးသီး များအရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသောအာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသများမှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေး နိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ် စားသောက်ခြင်းဖြင့် အာဟာရဓာတ်များကို အပြည့်အဝရရှိစေပါသည်။ ယခု စက်တင်ဘာလ အတွင်းဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၈၀၀-၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာအပေါ် (၁၀၀၀)ကျပ် ဝန်းကျင်ဈေးမြှင့်လာကြောင်းဈေးကွက် အတွင်းမှသိရသည်။

DOCA(မန္တလေး)