ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ နတ်အင်း ကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှ ထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက မျှစ်စိမ်း၊ မျှစ်ပြုတ်ဟူ၍ မျှစ်များကို အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရပါသည်။
15 Jul 2025
ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအခြောက်ပြုလုပ်၍ ကန့်ဘ လူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

Pages