ကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Jun 2025

    မန္တလေးမြို့တွင်းသို့ ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်၊ ဒိုက်ဦးနယ်များမှ ကြက်မောက်သီး များ ဝင်ရောက်မှုရှိသကဲ့သို့ မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှလည်း ဝင်ရောက်လျက်ရှိပါသည်။ ကြက်မောက်သီးများကို မန္တလေးမြို့ရှိ ပြည်သူများအနေနှင့် စားသုံးမှုများသည့်အတွက် ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်မောက်သီး ဈေးနှုန်းဈေးကွက်အနေနှင့် သစ်သီးပွဲရုံ များတွင် ကြက်မောက်သီး အလုံး ၁၀၀ လျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ လက်လီရောင်းချသူများ အနေနှင့် ကြက်မောက်သီး ၁ လုံးလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျ

02 Jun 2025

    အမေရိကန်စိုက်ပျိုး‌ရေးဦးစီးဌာန (USDA) က ၂၀၂၅ ခုနှစ် ဧပြီလအတွက် ဆန်စပါး ဈေးကွက်အလားအလာ ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာတွင် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း ကမ္ဘာ့ ဆန်ထုတ်လုပ်မှုမှာ ယခင်နှစ်ကာလထက် တန်ချိန် ၃.၁ သန်း တစ်နည်းအားဖြင့် ၃ ရာခိုင်နှုန်းခန့် ပိုမိုလျက် ဆန်တန်ချိန်ပေါင်း ၅၃၅.၈ သန်းအထိ စံချိန်တင် မြင့်တက်နိုင်သည်ဟု ပြင်ဆင်ဖော်ပြခဲ့ကြောင်း သိရှိရသည်။

02 Jun 2025

     ခရမ်းချဉ်သီးကို မြန်မာနိုင်ငံတွင် ရာသီဥတုအမျိုးမျိုးနှင့်ကိုက်ညီသောဒေသများတွင် စိုက်ပျိုးကြသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော ညောင်ရွှေ၊ တောင်ကြီးမြို့နှင့်ရှမ်းပြည် နယ်မြောက် ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ အေးမြသောတောင်ပေါ်ဒေသများတွင် အောက်တိုဘာလမှ မတ်လအတွင်း စိုက်ပျိုးကြ၍ မြေပြန့်ဒေသများတွင် မိုးရာသီ(ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာလနှင့်ဒီဇင်ဘာလ)တို့တွင် အဓိကစိုက်ပျိုးသည်။

02 Jun 2025

    မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး မြို့နယ်အ တွင်းရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက် သွန်နီသီးနှံများကို စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့ နယ်အတွင်း စေ့ထုတ်ပြောင်းသီးနှံကို (၉၄၀၀) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၆၀၂) ဧက၊ ခရိုင်ချုပ်စုစုပေါင်း (၁၀၇၁၄) ဧကစိုက်ပျိုးထားရာတွင် စိုက်ဧက အားလုံးမှာ ရာနှုန်းပ

02 Jun 2025

   ထန်းသီးဆံသည် ထန်းပွင့်(ထန်းခိုင်) မှထွက်ရှိသော အသီးဖြစ်ပြီး မြန်မာနိုင်ငံတွင် နွေဦး ရာသီဖြစ်သော ဖေဖော်ဝါရီလမှ မေလအတွင်းအဓိကထွက်ရှိကြောင်း၊ ထန်းသီးဆံသည် မြန်မာ့ရိုးရာ သဘာဝအစားအစာဖြစ်ပြီး လူအများနှစ်သက်စွာစာသုံးကြကြောင်း၊ ထန်းသီးဆံများကို  မြင်းခြံမြို့ နယ်နှင့်တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကထွက်ရှိကြောင်း၊ ထန်းတက်တောင်သူ များက  မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချကြောင်း သိရှိရသည်။ 

Pages