ကုန်သွယ်မှုသတင်းများ
ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ သရက်သီးတင်ပို့မှုသည် ထိုင်း၊ ပီရူးနှင့် ဩစတြေးလျနိုင်ငံတို့ ကဲ့သို့သော အဓိကသရက်သီးတင်ပို့သည့် နိုင်ငံများကို ကျော်ဖြတ်ပြီး တရုတ်သရက်သီး တင်သွင်းမှုဈေးကွက်၏ ၉၇ ရာခိုင်နှုန်း ဝေစုရရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ၎င်း၏အရည်အသွေးမြင့်မား၍ ထူးကဲကောင်းမွန်သော ဆန်မျိုးစိတ်များကို မြှင့်တင်လျက်ရှိရာ ထိုင်းဆန်စပါးညီလာခံကျင်းပခြင်းဖြင့် ဆန်တန်ချိန် ၁၀၀,၀၀၀ အထိ အဝယ်အမှာစာများ ရရှိပြီး ဘတ်ငွေ ၂ ဘီလီယံကျော် ဝင်ငွေရရှိရန် မျှော်မှန်းထားကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။
အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် အတွင်း မေလလဝက်အထိ ကော်ဖီတန်ချိန် ၇၃၆၀၀၀ ပြည်ပသို့တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း၊ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်ပမာဏအားဖြင့် ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းများ မြင့်မားလာမှုအရ တန်ဖိုးအားဖြင့် ၅၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြပါသည်။
ကျောက်ဖရုံသီးကို ယခင်က စားသုံးမှုနည်းသော်လည်း ယခုအခါ စားသုံးမှုများသည့် စားသောက်ကုန် တစ်မျိုးလည်းဖြစ်ပါသည်။ ကျောက်ဖရုံသီးကို လယ်ကွင်း၊ ယာကွင်းများရှိ ကသင်းရိုးပေါ်တွင် စိုက်ပျိုးကြပြီး ကျောက်ဖရုံသီးပင် တစ်ပင်လျှင် အလုံး ၁၅ လုံးမှ ၂၀ လုံးထိ ခူးစွတ်နိုင်ပြီး ကသင်းရိုးတစ်လျှောက် အပင် ၅၀ ဝန်းကျင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးပါက အပွင့်လှိုင်လှိုင်ပွင့်မှသာ အသီးတင်စေရန်အတွက် အသီးအားတိုးဆေး အသုံးပြုပေးပါက အသီး တင်၍ လုံးကောင်းများကို ရရှိစေပြီး ဈေးကွက်ဝင် ဈေးကောင်းရသည့် က

မန္တလေးမြို့တွင်းသို့ စစ်ကိုင်းနှင့်မုံရွာနယ်ဘက်များမှ နှင်းဆီပန်းများ ဝင်ရောက်မှု
