ကုန်သွယ်မှုသတင်းများ
Powered by Drupal
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပြီး တို့မဟူးစိမ်းကို မနက်အစောစာစားရာတွင် တို့ဟူးကြော်အဖြစ်လည်း ကောင်း၊ တို့ဟူးသုပ်အဖြစ်လည်းကောင်း၊ တို့ဟူးစိမ်းကို အရံဟင်းအဖြစ် အတုံးလေးများတုံး၍ ချက်စား၍သော်လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံဖြင့် အသုံးပြုကြပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း လက္ကား တစ်ပိဿာလျှင်(၂၇၀၀

16 Jul 2025
ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းများတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်ကို ငပိဆီချက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်၍သော် လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးရာတွင် လူကြိုက်များသည့် အရွက် တစ်မျိုးဖြစ်ပါသည်။

16 Jul 2025
ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်

16 Jul 2025
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကုလားပဲ ချောင်းများကို မိမိတို့ ဒေသထွက်အချို့ နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ကုလားပဲချောင်းကြော်သည် ကြွပ်ကြွပ်ရွရွလေးဖြင့် စားလို့ကောင်းကာ ရာသီးမရွေး ရောင်းချ နိုင်သော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။
