ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Sep 2025

       မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် ဆီထွက်သီးနှံမိုးနှမ်းကိုလည်း စိုက်ပျိုးဖြစ်ထွန်းရာ ဩဂုတ်လကုန်အတွင်း အပြီးသတ်ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ မိုးနှမ်းကို မေ၊ ဇွန်လများတွင်စိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ ဩဂုတ်လများတွင်ရိတ်သိမ်းရာ ယခုအခါရာသီကုန်ရိတ်သိမ်းခဲ့ပြီ

29 Sep 2025

    သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကျင်းပခဲ့သော အဓိကစားနပ်ရိက္ခာ ကုန်စည်ပြပွဲတစ်ခုဖြစ် သည့် Fine Food Australia 2025 တွင် ထိုင်းနိုင်ငံပြခန်း၌ အရောင်းမြှင့်တင်ရေး စည်းရုံးလှုံ့ဆော် မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းဆန်ကို သြစတြေးလျတွင် လူကြိုက်များမှု သိသာထင်ရှားစွာ မြင့်တက်လာသည်ဟု ထိုင်းပြည်ပကုန်သွယ်မှုဌာန (DTF) က ထုတ်ဖော်ပြော ကြားခဲ့သည်။

29 Sep 2025

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစိုးရဝယ်ယူရေးလုပ်ကိုင်သည့်ဌာနသည် ဆန်မက်ထရစ်တန်ချိန် ၅၀၀၀၀ ဝယ်ယူရန် နိုင်ငံတကာ အဝယ်တင်ဒါတစ်ရပ်ကို ခေါ်ယူခဲ့ကြောင်း ဥရောပကုန်သည်များ က စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ စျေးနှုန်းကမ်းလှမ်းမှုများကို တင်သွင်း ရန် နောက်ဆုံးရက်မှာ အောက်တိုဘာလ ၆ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

29 Sep 2025

        ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်မျာ

29 Sep 2025

     ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများရှိနေခြင်း တို့အရ မလေးရှား  စားအုန်းဆီကြမ်း (CPO) စျေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်းဂစ် ၄၂၀၀ နှင့် ရင်းဂစ် ၄၅၀၀ ကြားနှုန်းထားဖြင့် အရောင်းအ၀ယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်း The Edge Malaysia သတင်း ဌာနက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။

Pages