ဩစတေးလျသို့ ထိုင်းဆန်တင်ပို့မှု မြင့်တက်လာ

Powered by Drupal

    သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကျင်းပခဲ့သော အဓိကစားနပ်ရိက္ခာ ကုန်စည်ပြပွဲတစ်ခုဖြစ် သည့် Fine Food Australia 2025 တွင် ထိုင်းနိုင်ငံပြခန်း၌ အရောင်းမြှင့်တင်ရေး စည်းရုံးလှုံ့ဆော် မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းဆန်ကို သြစတြေးလျတွင် လူကြိုက်များမှု သိသာထင်ရှားစွာ မြင့်တက်လာသည်ဟု ထိုင်းပြည်ပကုန်သွယ်မှုဌာန (DTF) က ထုတ်ဖော်ပြော ကြားခဲ့သည်။

    စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသည့် အဆိုပါကုန်စည်ပြပွဲ၌ ထိုင်းနိုင်ငံ၏ ပြခန်းသို့ လာရောက်ကြည့်ရှုသူ ၂၀၀၀ ကျော်ရှိခဲ့ရာ ထိုင်းဆန်အပေါ် သြစတြေးလျ၏ ဝယ်လိုအား ခိုင်မာမှုရှိသည်ကို ဖော်ပြလျက်ရှိသည်။ DFT ဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangthong က ၎င်းတို့ဌာန အနေဖြင့် ထိုင်းဟွန်မာလီဆန်ကို ထူးခြားသောအရသာ၊ နူးညံ့မှုနှင့် ရနံ့တို့နှင့်အတူ ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ဈေးကွက်မြှင့်နိုင်ရန် ရည်မှန်းချက် ချမှတ် ထားကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ အရောင်းမြှင့်တင်ရေး ပြပွဲသည် ထိုင်းဟွန်မာလီဆန်၏  တရားဝင် အသိအမှတ်ပြု အမှတ်တံဆိပ်ကို သတိပြုသိမြင်နားလည်မှု မြှင့်တင်နိုင်ရန်လည်း ရည်ရွယ်ထားသည်။ “ဆန်ဟု ဆိုလျှင် ထိုင်းဆန်ကိုရွေးချယ်ပါ (Think Rice, Think Thailand)” ဟူသော ဆောင်ပုဒ်ဖြင့် ပရီမီယံ အဆင့်အတန်းရှိသော ထိုင်းဆန်၏ပုံရိပ်ကို အားဖြည့်မှုနှင့်အတူ  ပြပွဲသို့ လာရောက်ကြည့်ရှုသူများ အား ထိုင်းဆန်၏ အရည်အသွေးနှင့် အမျိုးအစားများကို ပိုမိုသိရှိနားလည်ရေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါပြပွဲတွင် ဆန်လုံးညို၊ ဆန်ဖြူ၊ ကောက်ညှင်းဆန်၊ ငချိတ်ဆန် (Riceberry) နှင့် RD43 ဆန်ဖြူတို့ အပါအဝင် ထိုင်းဆန်မျိုးစုံကို ပြသခဲ့သည်။  Riceberry နှင့် RD43 ဆန်တို့သည် ကာဗိုဟိုက်ဒရိတ်ပါဝင်မှု အညွှန်းကိန်း (Glycemic Index) အလယ်အလတ်မှ နိမ့်ကျသည့် အဆင့် ရှိသောကြောင့် ကျန်းမာရေးကို ဂရုစိုက်သည့် စားသုံးသူများအကြား ရေပန်းစားလျက်ရှိသည်။

    DFT ဌာနအနေဖြင့် သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဖီဂျီ၊ ဥရောပနှင့် အာဆီယံ အပါအဝင် နိုင်ငံအသီးသီးမှ အဆိုပါပြပွဲသို့ တက်ရောက်လာကြသူများထံမှ   မမျှော်လင့်ထားသော အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ရရှိခဲ့ကြောင်း၊ ပြည်တွင်းစူပါမားကက်များနှင့် အာရှအစား အစာ လက်လီရောင်းချသည့် ဆိုင်များ၌ ဝယ်ယူရရှိနိုင်မှုနှင့်အတူ ထိုင်းဟွန်မာလီဆန်၏ အရည် အသွေးကို ဩစတေးလျ စားသုံးသူများက အခိုင်အမာယုံကြည်မှုရှိကြောင်း၊ DFT သည် အထူးထုတ် ဆန်များနှင့် အသင့်စားသုံးနိုင်သည့်ထုတ်ကုန်များမှာ စျေးကွက်တိုးတက်မှု အလားအလာရှိသည် ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

     သြစတြေးလျနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၂၀၀,၀၀၀ ထက်မနည်း တင်သွင်းလျက်ရှိပြီး ၎င်းပမာဏအနက် ထိုင်းဆန်သည် ၃၅ ရာခိုင်နှုန်းခန့်ရှိပြီး ထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိသည်။ ယမန်နှစ်တွင် သြစတြေးလျ၏ ထိုင်းဆန်တင်သွင်းမှုသည် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၉၆၁၈၂ တန် ရှိခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် သွင်းကုန်ပမာဏနှင့် တန်ဖိုးအနည်းငယ် ကျဆင်းခဲ့သော်လည်း ထိုင်းဆန်တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းမှာ ယခင်နှစ်က ၈၇၂ အမေရိကန် ဒေါ်လာရရှိခဲ့ရာမှ ယခု ၉၃၈ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။

    ဆစ်ဒနီမြို့ ကျင်းပသည့်ကုန်စည်ပြပွဲတွင် အပြုသဘောဆောင်သော ကြိုဆိုမှုသည် ထိုင်း ပရီမီယံနှင့် အထူးဆန်များအတွက် သြစတြေးလျသည် ခိုင်မာသောစျေးကွက်ဖြစ်ကြောင်း DFT က ယုံကြည်လျက်ရှိသည်။ အဆိုပါ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုသည် အနာဂတ်တွင် ထိုင်းနိုင်ငံ၏ ဈေးကွက်ဝေစုကို တိုးမြင့်လာစေရန်အတွက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။

Source: The Nation Thailand, 19 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)