ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ၏ ဖိနပ်လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို ကမ္ဘာ့အဆင့်သို့ အရှိန်မြှင့်တင်ရန် အလားအလာရှိကြောင်း လုပ်ငန်းတာဝန်ရှိသူ တစ်ဦး၏အဆိုအရသိရပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ညွှန်ကြားရေးမှူးချုပ်၏ အတွင်းရေးမှူးဖြစ်သူ Riefky Yuswandi က ၂၀၂၄ခုနှစ်၏ ဒုတိယ ၃လပတ်ကာလတွင် နိုင်ငံ၏ဖိနပ်လုပ်ငန်းသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၉၂% မြင့်တက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၂-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သော Indonesia Footwear Creative Com

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် တရုတ်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားကောင်းစွာပေါင်းစပ် ထားခြင်းနှင့်အတူ ကာလကြာရှည် စီးပွားရေးဆက်နွယ်မှုကို ထိမ်းသိမ်းထားနိုင်ကြောင်း လာအိုနိုင်ငံစက်မှုနှင့် စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaithong Kommasith က လာအိုနိုင်ငံ Vietiane မြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့၌ ကျင်းပခဲ့သော 23rd ASEAN Economic Ministers-China Ministry of Commerce Consul

အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေဖြစ်သော ရူပီးနှင့် ကျပ်တို့မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနည်းလမ်းများကို စက်တင်ဘာလ ၂၁ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော ၁၂ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီးစီးပွားရေးဝန်ကြီးများအစည်းအဝေးပြင်ပ၌ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal နှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဝန်ကြီး ကန်ဇော်တို့တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုသည် ယခုနှစ်ရှစ်လအတွင်း ၁၈% မြင့်တက်လာခဲ့ကြောင်း အထွေထွေအကောက်ခွန်နှင့် ယစ်မျိုးဌာနမှ တနင်္ဂနွေနေ့ တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုစုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၆၆၃သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၈% မြင့်တက်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး Xi Jinping သည် သတ္တမအကြိမ်မြောက် တရုတ်တောင်သူလယ်သမားများ ရိတ်သိမ်းပွဲတော်နေ့မတိုင်မီ CPC ဗဟိုကော်မတီကိုယ်စားလယ်သမားများနှင့် ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသူများကို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် XI က စိုက်ပျိုးရေးကဏ္ဍ၏ စီးပွားရေးအကျိုးအမြတ်များမြှင့်တင်ရန်၊ လယ်သမားများ၏ ဝင်ငွေတိုးလာစေရန်နှင့် လယ်သမားများအတွက် ထင်သာ မြင်သာသော
