ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Sep 2024

      ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့် ထိုင်းဘတ်ငွေတန်ဖိုးခိုင်မာမှုတို့ကြောင့် ထိုင်းနိုင်ငံတွင် ဆန်နှင့် စပါးဈေးနှုန်းများသည် မကြာသေးမီလများအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖြစ်ပေါ်သော ဈေးနှုန်းများအား နှိုင်းယှဉ်ပါက စပါး ၁ တန် လျှင် ပျမ်းမျှဈေးနှုန်းအားဖြင့် ဘတ် ၁၀၀၀ ကျဆင်းခဲ့ပြီး ဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ဘတ် ၂၀၀၀ ကျဆင်းလာခဲ့ကြောင်း ထိုင်းဆန်စက်လုပ်ငန်းများအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

27 Sep 2024

    အိန္ဒိယနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် လျက်ရှိသော ကာနာတကာပြည်နယ်၌ ယခုနှစ် ရာသီဥတု ပုံသဏ္ဌာန် မမှန်မှုကြောင့် သီးနှံအထွက် ပမာဏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း လျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေကို တောင်သူများက စိုးရိမ် လျက်ရှိပြီး ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိကြောင်း သိရှိရသည်။

27 Sep 2024

     အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား အစိုးရက မြှင့်တင်ခဲ့သဖြင့် စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းများသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယဆိပ်ကမ်းအရောက် ပေးသွင်းရန် ချုပ်ဆိုထားသော ကုန်ချိန်အားဖြင့် မက်ထရစ်တန် ၁၀၀၀၀၀ ပမာဏရှိသည့် စားအုန်းဆီအဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

27 Sep 2024

    ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြိုင်ဘက် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်မှုအဖြစ် စားအုန်းဆီတင်ပို့မှု အပေါ် ကောက်ခံသော အခွန်နှုန်းထားများကို လစဉ်ထုတ်ပြန်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းအသစ်များအား စက်တင်ဘာ ၁၉ ရက်နေ့၌ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရသည်။

27 Sep 2024

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြေသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ယောဒေသများတွင် ဆောင်းစိုက်၊ ပင်စိုက်များနှင့် (မိုးစိုက်၊ ဥစိုက်)များကို ဧက(၂၀၀၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ယခုစက်တင်ဘာလတွင် ကြက်သွန်နီဈေးနှုန်းများ ဈေးငြိမ်နေပြီး ကြက်သွန်နီအဝင်မှာနည်းနေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသာမက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်၊ မန္တလေးတိုင်

Pages