ဈေးကျလာပြီဖြစ်သောပဲတီပင်ပေါက်ဈေးနှုန်းဈေးကွက်

Powered by Drupal

    ပဲတီပင်ပေါက်သည် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာဈေးများရှိ ကုန်စိမ်း ဆိုင်များ တွင်ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသတွင်း ကျေးရွာများမှ ပဲတီစိမ်း နှင့် မတ်ပဲများကို အပင်ဖောက်၍ စီးပွားဖြစ်တစ်နှိုင်တစ်ပိုင် ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လနောက်ဆုံပတ်တွင်  ပဲတီပင်ပေါက် ၂၅ ကျပ်သားလျှင်  (၇၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၈၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ်ကုန်ချိန် (၁၅-၂၀) ပိဿာခန့်ရောင်းချရ ကြောင်း၊ ယခင်လဇူလိုင်နောက်ဆုံးပါတ်၌ ပဲတီပင်ပေါက် ၂၅ ကျပ်သားလျှင်  (၁၂၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ပဲတီပင်ပေါက် ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင်  (၁၂၀၀)ကျပ် ခန့်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးကျဆင်းခဲ့ခြင်းမှာ ပဲပင်ဖောက်ရာတွင် အသုံးပြုသော ကုန်ကြမ်းအဖြစ်အသုံးပြုသော ပဲတီစိမ်းပဲဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ပဲပင်ဖောက် ရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။  ကိုယ်ခံအားစနစ်ကိုမြှင့်တင်သော ဗီတာမင်စီပါဝင်၍ အရေပြားကျန်းမာရေးကို အထောက် အကူပြုကြောင်း၊  အမျှင်ဓာတ်နှင့် ပရိုတင်းဓတ် ပါဝင်သော ကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များ သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးကြောင်း၊ ယခုဩဂုတ်နောက်ဆုံးပတ်၌ ပဲပင်ဖောက်ရာတွင် အသုံးပြုသော ပဲတီစိမ်း လက်လီတစ်ပိဿာလျှင် (၄၈၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့်ဝယ်ယူရကြောင်း၊ ယခင် ဇူလိုင်နောက်ဆုံးပတ်တွင် ပဲတီစိမ်းလက်လီတစ်ပိဿာ လျှင်(၅၅၀၀)ကျပ်ပေါက်ဈေးများဖြင့် ဝယ်ယူ၍အသုံးပြုရကြောင်း၊ ကာလတူနှိုင်း ယှဉ်ပါက ပဲတီစိမ်းကုန်ကြမ်းပဲတစ်ပိဿာလျှင် (၇၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းခဲ့သောကြောင့် ပဲတီပင် ဖောက်ဈေးများကျဆင်းခဲ့ကြောင်း ပဲတီပင်ဖောက်ရောင်းချသူ၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)