
ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ် အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၁၀၀၀၀ ကျပ်နှင့် ၃၃၅၀၀၀ ကျပ်၊ နှမ်းဖြူ (ဗမာ) ၂၇၀၀၀ဝ ကျပ်နှင့် ၂၇၅၀၀ဝ ကျပ်၊ နှမ်းညို ၂၆၀၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၈၈၉ ကျပ်နှင့် ၇၄၄၄ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၀၀၀ ကျပ်နှင့် ၆၁၁၁ ကျပ်၊ နှမ်းညို ၅၇၇၈ ကျပ်နှင့် ၅၈၈၉ ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ် ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၁၀၅၅၆ ကျပ်နှင့် ၁၁၁၁၁ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၉၇၇၈ ကျပ်နှင့် ၁၀၁၁၁ ကျပ်၊ နှမ်းညို ၈၀၀၀ကျပ်နှင့်၈၁၁၁ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ် ကျဆင်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)