ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog ကုမ္ပဏီသည် ဆန်ကွဲ ၅ ရာခိုင် နှုန်းပါဝင်သော ဆန်ဖြူမက်ထရစ်တန် ၄၅၀၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း အဋ္ဌမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း S&P Global သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ရှေ့တန်းမှ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာတစ်ခုဖြစ်သည့် လေးကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးအစည်းဝေး (ACPC) သည် ဒစ်ဂျစ်တယ်ကဏ္ဍနှင့် အစိမ်းရောင်စီးပွားရေးကဏ္ဍများတွင် စားသုံးသူများကို အကာအကွယ်ပေးနိုင်ရန် အာဆီယံ၏ စုပေါင်းကြိုးပမ်းအားထုတ်မှု၏ မီးရှူးတန်ဆောင်အဖြစ် ပေါ်ထွက်လာပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ယခုနှစ်ညီလာခံ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ စားသုံးသူအဖွဲ့အစည်းများ၊ အစိုးရအဖ
အိန္ဒိယနိုင်ငံတွင် တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ဈေးကောင်းရရှိစေရေးကို အထောက်အပံ့ပြုရန်အတွက် ဗဟိုအစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုအပေါ် စည်းကြပ် လျက်ရှိသော အခွန်နှုန်းထားအား ၄၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး လက်ငင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြက်သွန်နီအတွက် အနိမ့်ဆုံးရရှိရမည့် ပို့ကုန်ဈေးနှုန်း သတ်မှတ်ထားခြင်းကိုလည်း သီးခြားအမိန့်ကြော်ငြာစာထုတ်ပြန်လျက

အာဆီယံထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာနှင့် အမှတ်တံဆိပ်ဆိုင်ရာလမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်မှုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) မှ ထုတ်ကုန်ဘေးကင်းရေးနှင့် စံနှုန်းများအတွက် နယ်ပယ်နှင့်နည်းလမ်းများကို ရေးဆွဲရန် UK မှ ကုန်ပစ္စည်းလုံခြုံစိတ်ချရမှုနှင့် စံသတ်မှတ်ချက်များရုံး(OPSS)နှင့်ပူးပေါင်းဆွေးနွေးခဲ့ကြသည်။
စားသုံးသူ သန်း၆၀၀ကျော်ရှိသော စျေးကွက်၊ ၀ယ်လိုအားမြင့်တက်လာမှုနှင့် ငယ်ရွယ်သော လူဦးရေစာရင်းအချက်အလက်များတိုးတက်လာမှုတို့နှင့်အတူ အာဆီယံသည် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသောစျေးကွက်ကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ခုဖြစ်လာနေပါသည်။ ထို့ကြောင့် စားသုံးသူများအား ယုံကြည်စိတ်ချစွာဝယ်ယူကြောင်းသေချာစေရန်နှင့် စီးပွားရေးလုပ်ငန်းများသည် လိမ်လည်လှည့်ဖြားသည့် အလေ့အကျင့်များတွင် ပါဝင်ခြင်းမှရှောင်ကြဉ်ရန်အတွက် စသည့်ကိစ္စရပ်များသည် အာဆီယံစားသုံးသူကာကွယ်ရေးမူဝါဒတွင်ချမှတ်ရန်