ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Sep 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

20 Sep 2024

       ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၀-၉-၂၀၂၄) ရက်နေ့မှ (၁၆-၉-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၃၂၀၀၇) အိတ်၊ ပေါ်ကျွဲ (၁၁၂၅၈) အိတ်၊ ဧည့်မထ (၇၃၆၈၆) အိတ်၊ ဆန်ကွဲ (၁၀၁၃၉) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၈၂၂၉) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြိ

20 Sep 2024

  မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်အတွင်း ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၉၀၀-၂၀၀၀-၂၂၀၀) ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၃၀၀-၄၀၀-၃၀၀) ခန့် ဈေးနှုန်းကျဆင်းခဲ့​​ပါသည်။ ဈေးကွက်အနေဖြင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ဝယ်ယူကြကြောင်း၊ တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀)ခန့်၊ တန်ချိန်(၉) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

20 Sep 2024

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ

20 Sep 2024

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာသည် မြေပဲ၊ နှမ်း၊ ဝါ၊ ခရမ်းချဉ်သီး၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လကုန်တွင် တောင်သူ(၇၀)ဦးမှ ဧက(၃၀၀) ခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Pages