ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Sep 2024

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

19 Sep 2024

        ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ခရမ်းချဉ်သီးများကိုရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသ ထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အပြင် မိုးလေဝသရာသီဥတုကြောင့် မိုးများရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်၍  လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ ခရမ်းချဉ်သီးများမှာ ရက်များကြာ၍ ပျက်စီးခြ

19 Sep 2024

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဩဂုတ်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများနှင့်အလားတူ ဈေးနှုန်းအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်နေသည်ကိုတွေ့ရပါသည်။

19 Sep 2024

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသအစားအစာများကို မျိုးစုံပြုလုပ်ရောင်းချလျက်ရှိသည့်အနက် နတ်တလင်းထမင်းသုပ်သည် ထင်ရှားသည့်အစားအစာ တစ်မျိုးဖြစ်ပါသည်။ ထမင်းသုပ်ပြုလုပ်ရန်အတွက် ဆန်ကိုချက်ထားရန်လိုအပ်ပါသည်။ ထို့နောက် တို့ဟူးပြုလုပ်ရန်အတွက် ပဲမှုန့်စိမ်း၊ နနွင်းမှုန့်၊ ဆား၊ အရသာမှုန့်၊ ရေတို့ကို အချိုးကျရောစပ်၍ မီးဖြင့်ကြိုပေးရပါသည်။ ထမင်းသုပ်ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ ထမင်း၊ လှီးပြီးသားတို့ဟူး၊ ကြက်သွန်ဖြူဆီချက်၊ ချက်ထားသောငံပြာရည်၊ မန်ကျ

19 Sep 2024

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး  ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သော  မိုးမြေပဲနှင့် ဆောင်းမြေပဲကို နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရသည်။

Pages