ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Sep 2024

      မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတောကျေးရွာတွင် သကြားပြောင်းနှင့်ပြောင်းစီးကို တောင်သူ(၂၅)ဦးက စိုက်ဧက(၁၅)ဧကခန့်အား ၂၀၂၄ခုနှစ်၊ ဩဂုတ်လလယ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

18 Sep 2024

        မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာရှိ တောင်သူများသည် သပြေပန်းကို မိမိအိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံမြေ၊ ယာမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။

18 Sep 2024

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဘူးပင်စိုက်ဧက ၃ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

18 Sep 2024

        မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ချဉ်ပေါင်ကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပြီး ၄ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

18 Sep 2024

           ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်‌နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ရတနာဦးယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါလျှင် ၁၁၀ပိဿာပါ စားအုန်းဆီ ၆၀ပေပါကို ယာဉ်မောင်း ဦးအောင်မျိုးဟိန်း၊ မော်တော်ယာဥ်အမှတ် 7J-2781/ ISUZU အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီးစ

Pages