ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ မြို့နယ်(၄)မြို့နယ်ဖြစ်သော ပြည်မြို့၊ ရွှေတောင်မြို့၊ ပန်းတောင်းမြို့နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ဩဂုတ်လနောက်ဆုံးပတ်နှင့် စက်တင်ဘာလ ဆန်းပိုင်းတွင် မိုးနှမ်းအသစ်များ စတင်ထွက်ပေါ်လာနေပြီဖြစ်ပါသည်။ ထိုမြို့နယ်များရှိ နှမ်းစိုက်ပျိုး သောကျေးရွာများမှ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များအတွင်းသို့ဝင်ရောက်မှုရှိသဖြင့် နှမ်းအရောင်းအဝယ်နေ့စဉ်ဖြစ်လျက်ရှိပါသည်။ နှမ်းများအနေဖြင့် ယခုစက်တင်ဘာလဒုတိယ

ပြည်ဈေးကွက်အတွင်း ယခုနှစ်တွင် ပီနန်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုနည်းပါးလျက်ရှိပြီး ပြည်မြို့အနောက်ဘက်ကမ်းရှိ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာဘက်မှသာ အဝင်ရှိသည့်အတွက် ဈေးကွက်အတွင်း ရှားပါးလျက်ရှိကြောင်း သိရပါသည်။ (၅)ရက်ခြားလျှင် တစ်ကြိမ်ခန့်သာ ဝင်ရောက်မှုရှိပြီး မြို့ပေါ်ဈေးများသို့ အပါအဝင် ပိဿာချိန် (၃)ပိဿာခန့်သာ အဝင်ရှိနေပါသည်။
ကံ့ကော်ပန်းသည် လူကြိုက်များသောပန်းပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် သစ်မာပင်တစ်မျိုးဖြစ်ပါသည်။ သဘာဝကံ့ကော်ပင်မှာ တစ်နှစ်လျှင်တစ်ကြိမ်သာ ဖူးပွင့်ပြီး အမြင့်ပေရှစ်ဆယ်၊ လုံးပတ် ဆယ်ပေအထိရှိသော အရိပ်အာဝါသကောင်းသော အပင်မျိုးဖြစ်ပါသည်။ ကိုင်းဆက်ကိုင်းကူးဖြင့် ပြုလုပ်ထားသော စိုက်ပျိုးရေး ကံ့ကော်ပန်းပင်သည် တစ်နှစ်ပတ်လုံးပွင့်ပါသည်။ စိုက်ပျိုးရေးကံ့ကော်ပန်းပင်မှာ အပင်ပုလေးများဖြစ်ပြီး လုံးပတ်မှာလည်းသေးပါသည်။ ကံ့ကော်ကိုင်းဆက်စိုက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့မဈေးကြီးနှင့် မြို့နယ်အတွင်းရှိဈေးများတွင် ငါးသလောက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ငါးမှာ ငါးသလောက်ဆိုသည့်အတိုင်း အခြားငါးများနှင့် အရသာမတူပဲ ချိုပြီးလေးပင်သောအရသာရှိပါသည်။ ငါးသလောက်မှာ စားသုံးသူတို့ သဘောကျသောအရွယ်အစားရှိသောကြောင့် အရောင်းသွက်ကြောင်း သိရပါသည်။ ငါးသလောက်ပေါင်းရန် သင့်တော်သောအရွယ်အစားငါးများကို ထမင်းဆိုင်များမှ အများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့မှ ငါးဝင်ရောက်မှုမှာ ပုံမှန်ဝင်ရော

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိဈေးများတွင် စက်တင်ဘာလဒုတိယပတ်မှစတင်၍ ဝါးယောင်းမှိုများ ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိပါသည်။ ယခုကာလသည် ပေါ်ဦးပေါ်ဖျား ရှားပါးချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်ဒေသရှိ ကျေးရွာများမှ ဝါးယောင်းမှိုများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလဒုတိယပတ်တွင် လက်ကားဈေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။