
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော နေကြာစေ့ ဈေးနှုန်း အနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော နေကြာစေ့ ဈေးနှုန်း အနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး (၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)
