ကုန်သွယ်မှုသတင်းများ
တောင်ကိုရီးယားနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Oh Young-Joo သည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမှတ် Vu Ho နှင့် ဂျာမနီ သံအမတ် Wilfried Schmidt တို့နှင့်အတူ ဆိုးလ်မြို့လယ်ရှိ Kyungdong ဈေးသို့ စက်တင်ဘာလ ၁၃ ရက်နေ့က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ Kyungdong သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးအထွေထွေနှင့် တိုင်းရင်းဆေးဈေးဖြစ်ပြီး များစွာသော ဗီယက်နမ်လူမျိုးများသည် ထိုဈေး၌ စီးပွားရေး လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ လည်ပတ်မှုအတွင်း ဝ

အင်ဒိုနီးရှားနိုင်ငံသမဝါယမနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Teten Masduki က အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့၏ ထုတ်ကုန်များ၏ ကျယ်ပြန့်သော အလားအလာကြောင့် အိမ်အလှဆင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာမည်ဟု ၁၄.၉.၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။ အချက်အလက်များအရ ပရိဘောဂနှင့် လက်မှုထုတ်ကုန်များ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီကျော် ရရှိခဲ့ပြီး ကုမ္ပဏီပေါင်း ၁၁၁၄ ခုတွင် အလုပ်သမားပေါင်း ၁၄၃၀၀၀ ဦးကို ခန့်အပ်ထားကြောင်း ဝန်ကြီးက IFFIN

လျှပ်စစ်ဓာတ်အားလိုင်းအား ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းသို့ အီးယူမှ လျှပ်စစ်ဓာတ်အားတင်ပို့မှု သိသိသာသာ တိုးလာခဲ့ပြီး အရှေ့ဥရောပတွင် ဈေးနှုန်းများ သိသိသာသာဖြင့် မြင့်တက်လာခဲ့သောကြောင့် ဂရိဝန်ကြီးချုပ်ကသတိပေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာမှုတွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးယခုနှစ်ပထမ (၆) လတွင် အမေရိကန်ဒေါ်လာ ၅၈၀ သန်း နီးပါးအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ အကျော်ထိရှိလာနိုင်ဟု ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားသည်။ ကမ္ဘောဒီးယား သံအမတ် Santo က အင်ဒိုနီးရှားသည် ကမ္ဘောဒီးယားနိုင်ငံ၏

မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ခရူတောရပ်ကွက်ရှိ ပြည်သူများအား စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးများပါဝင်ကြောင်း သတင်းရရှိပါသည်။
