ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Sep 2024

        ယခုစက်တင်ဘာလ      (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၃၅၉၊ မန္တလေးသို့ အိတ်ရေ ၃၄၁၀၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၂၅၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၃၁၇၅၊ မွန်သို့ အိတ်ရေ ၄၉၂၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၉၆၇၊ မိတ္ထီလာသို့ အိတ်ရေ ၆၉၅၅၊ ပြည်သို့ အိတ်ရေ ၈၂၀၊ ပဲခူးသို့ အိတ်ရေ ၃၇၀၊ ‌ညောင်လေးပင်သို့ အိတ်ရေ ၇၆၀၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ မကွေးသို့ အိတ်ရေ ၉၄၀၊ ဖြူးသို့ အိတ်ရေ ၇၂၀၊ ဖားအံသို့ အိတ်ရေ ၁၃၅၇၀၊ စစ်ကိုင်းသို့

19 Sep 2024

    မွန်ပြည်နယ် မော်လမြိုင်မြို့သို့ စက်တင်ဘာလ (တတိယပတ်)ထိ ကြက်သွန်နီ စီးဝင်မှုမှာ(မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး) တို့မှ စီးဝင်မှု  စုစုပေါင်း ( ၄၉၁၃၇ အိတ်) နှင့် ( ၄၉၁၃၇၀ ပိဿာ)စီးဝင်ခဲ့ခြင်းနှင့် ယင်းမှ မော်လမြိုင်မြို့မှ စီးထွက်မှုမှာ စုစုပေါင်း (၂၄၅၆၈အိတ်)နှင့် (၂၄၅၆၈၀ ပိဿာ) ဘားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ခမီ၊ ရေး၊ သံဖြူဇရပ်မြို့များသို့ စီးထွက်ခြင်းဖြစ်ကြောင်း မော်လမြိုင်ကြက်သွန်နီပွဲရုံနှင့် ကုန်စည်ဒိုင်မှ သိရသည်။

19 Sep 2024

       “ကရေကရာ ရွှေညာက မုန့်မျိုး၊ ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး” ဟူသည့် ဆိုရိုးအတိုင်း အညာမုန့်တစ်မျိုးဖြစ်သည့် ကရေကရာသည် မြန်မာတို့နှစ်ခြိုက်စွာစားသုံးကြသော မုန့်တစ်မျိုးဖြစ်ရာ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ကရေကရာကို ဆွမ်းတော်ကပ်ခြင်း၊ စားသုံးခြင်း၊ လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ရာသီစာဖြစ်သည့် ကရေကရာကို တော်သလင်းလမှစ၍ တန်ဆောင်းမုန်းလအထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

19 Sep 2024

    မော်လမြိုင် ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ယခု စက်တင်ဘာလ (တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေအနေမှာ ရင်ကွဲသရက်သီး အစိမ်းအချောအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ် ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့်အကြီးတစ်လုံးလျှင်(၇၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၅၀)ကျပ်ဖြစ်သည်။ ယခင်(ဩဂုတ်လ)တွင် အစိမ်းအချောအကြီး တစ်လုံး လျှင်(၃၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက် သီးအမှည့် အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၄၀၀)ကျပ်ဖြစ်သည်။ ထို့ကြော

19 Sep 2024

ဗီယက်နမ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း (VAMA) အဖွဲ့ဝင်များ၏ ဩဂုတ်လကားရောင်းချမှုသည် အစီးရေ ၂၅၁၉၆ စီးဖြင့် လွန်ခဲ့သည့်လကထက် ၁၃% ကျဆင်းခဲ့ ကြောင်း VAMA က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာခဲ့ပါသည်။ ပြည်တွင်း၌ တပ်ဆင်သည့် ကားမှာ အစီးရေ ၁၂၀၆၄ စီးဖြင့် ၁၃% ကျဆင်းပြီး ပြည်ပမှ အပြည့်အဝ တပ်ဆင်တင်သွင်းလာသည့်ကားများမှာ အစီးရေ ၁၃၁၃၂ စီးဖြင့် လွန်ခဲ့သည့် လထက် ၁၃% ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ခရီးသည်တင်ယာဉ်များမှာ အစီးရေ ၁၉၁၂၉ စီးဖြင့် (၁၆% ကျဆင်း)၊ လုပ်ငန်းသုံးယာဉ်များမှာ ၅၉၀၁

Pages