
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲကြီးသီးနှံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက(၁၀၀၀၀)ခန့် စိုက်ပျိးရာတွင် ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင် အဓိက စိုက်ပျိုးပြီး ဈေးကွက်သို့ ဝင်ရောက်ပြီး အခြား မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် မေလအစောပိုင်းမှစတင်၍ ပဲကြီးဈေးနှုန်းမြင့်တက်လာပြီး ပဲကြီးတစ်တင်း လျှင် ကျပ်(၉၅၀၀၀-၈၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်) တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၂၅၀၀၀-၁၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇူလိုင်လ (တတိယပတ်)တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၉၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ပဲကြီးတစ်တင်းလျှင် ကျပ်(၂၀၀၀၀)ခန့် ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ ပဲကြီးမှာပြည်တွင်းစားသုံးမှုများသော ပဲတစ်မျိုးဖြစ်ပြီး ဈေးကွက်ဝယ်လိုအားနှင့် ပဲလက် ကျန်အနည်းအများပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ပဲလက်ကျန်နည်းပြီး ဈေးကွက်ဝယ်လိုအား များလျက်ရှိခြင်းကြောင့် ပဲကြီးဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာကြောင်း ပခုက္ကူမြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိပါသည်။
DOCA(မကွေး)