ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ အာလူးသီးများကို ကမ္မမြို့နယ်၊ ပေါက်မြို့ နယ်များရှိ ချောင်းဘေးများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပေါက်နှင့် ကမ္မမြို့ နယ်များ၌ အာလူးသီးများစတင်စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးသို့ ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသော အောင်ပန်းအာလူးသီးများနေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

07 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)မှစတွင်  ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ ဈေးကွက်သို့ နွေကြက်သွန်နီ အဟောင်းများအပြင် မိုးကြက်သွန်နီအသစ်များလည်း စတင်ဝင်ရောက် ကြောင်း၊  ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များ ဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

07 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိက အားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

07 Jan 2025

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိမာလာကုန်စိမ်းဈေးသို့ နေ့စဉ် ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ မုန့်ညှင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ဘူးသီး၊ဘိုစားပဲစသည်ဖြင့် အခြေခံစားသောက်ကုန်စိမ်းများ ဝင်ရောက် လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်စိမ်းသီနှံစိုက်ပျိုးမှု နည်းပါးသောကြောင့်အဓိကအား ဖြင့် ကုန်စိမ်းသီးနှံ များကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ဝင်ရောက် လျက်ရှိပါသည်။

07 Jan 2025

               မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ ကုလားပဲ၊ ပဲကြီးနှင့် ပဲတီစိမ်းသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ပဲတီစိမ်းသီးနှံကို တောင်သူ (၂၀)ဦးမှ စိုက်ဧက(၃၀)ဧကခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Pages