ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 May 2025

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

15 May 2025

   ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ ယခင်ကဈေးနှုန်း ချိုသာခဲ့သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘို ကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိက

15 May 2025

          ၂၀၂၅ခုနှစ် မေလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၇၀၀)ကျပ်၊ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၆၁၀၀)ကျပ်၊  ဧရာမင်းဆန်  တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

15 May 2025

         မုံရွာမြို့၊ ကျောက္ကာလမ်းဘေးဆိုင်များတွင် ရာသီစာဖရဲသီးများကို မန္တလေးမြို့၊ ချောင်းဦးနှင့်  ပြင်ဦးလွင်မြို့ပေါ်ရှိ သစ်သီးပွဲရုံများမှ မှာယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။                

15 May 2025

         ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် မေလ ဒုတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ တောပန်းသီးကျွတ် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၅၀၀)ကျပ်မှ (၂၇၀၀)ကျပ်၊သီးမွှေး ငှက်ပြောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး တစ်လုံးလျင် (၆၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ထိ၊  မာလကာသီး တစ်လုံးလျှင်(၄၀၀)ကျပ်

Pages