ကုန်သွယ်မှုသတင်းများ
ပိန္နဲသီးမျိုးတွင် အိမ်မာနှင့် အိမ်ပျော့ (၂)မျိုးရှိပါသည်။ ပိန္နဲသီးမျိုးသည် နှစ်ရှည်အပင်မျိုး ဖြစ်ပါသည်။ သဘာဝအတိုင်းစိုက်ပျိုးသည့် အပင်များမှာ (၈)နှစ်ခန့်ကြာမှသာ အသီးသီးပါသည်။ ကိုင်းကူး၊ ကိုင်းဆက်သည့် အပင်မျိုးမှာ (၃)နှစ်ခန့် အကြာတွင် အသီးသီးပါသည်။

ပြည်ခရိုင်အတွင်းတွင် ယခင်နှစ်၂၀၂၄ခုနှစ်၊ မတ်လအတွင်း စပါးအမျိုးအစားအလိုက် ဈေးနှုန်းမှာ မှော်ဘီ (၄၆)ပေါင် တင်း(၁၀၀)ဈေးမှာ (၂၁၅၀၀၀၀)ကျပ်၊ ကရင်စပါးဈေးမှာ (၂၀၀၀၀၀၀)ကျပ်၊ ရတနာတိုးစပါးမှာ (၁၇၃၀၀၀၀)ကျပ်၊ ဗီယက်နမ်စပါးမှာ (၁၆၅၀၀၀၀)ကျပ်၊ GW 11 မှာ (၁၆၅၀၀၀၀)ကျပ်၊ ထိုင်းနှံကောက်စပါးမှာ (၁၇၀၀၀၀၀)ကျပ်နှင့် ဆင်းသုခစပါးဈေးမှာ (၁၇၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဆန်ဈေးများမှာ မှော်ဘီ၁၀၈ပေါင် တစ်အိတ် လျှင် (၈၀၀၀၀)ကျပ်၊ ရတနာတိုးဆန်တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်

ပြည်ခရိုင်၊ ပြည်မြို့တွင် မြေပဲဆန်ဈေးနှုန်းများ သင်္ကြန်ပြီးကာလတွင် ပြန်လည်မြင့် တက်လာခဲ့ပါသည်။ ပြည်မြို့သို့ မင်းတုန်းမြို့နှင့် ပေါက်ခေါင်းမြို့ဘက်မှ မြေပဲဆန်အိတ် တစ်နေ့လျှင် ၂၀၀-၃၀၀ ခန့်သာဝင်ရောက်မှု ရှိတော့သဖြင့် မြေပဲဆန်လက်ကျန်များရှားပါးလာပြီး ဝယ်လက် ဝယ်ယူမှုများသဖြင့် ဈေးနှုန်းများပြန်လည်မြင့်တက်လာသည်ဟု သိရပါသည်။ အရောင်း အဝယ် ဖြစ်မှုအနေဖြင့်လည်း နယ်စုံမှဝယ်ယူမှုရှိပြီး အဓိကဝယ်ယူမှုရှိသောမြို့များမှာ ရန်ကုန်နှင့် မကွေးမြို့ တို့ဖြစ်ပြီး လုံးဆန်ကိုသာအဓိကထား၍

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁၂.၅.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၅၇၀၀၀) ကား (၉၅) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး မေလ (၆) ရက်နေ့ မှ မေလ (၁၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ ကျပ် ၈၀၀၀/၁၂၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး ကျပ် ၃၅၀၀၊ ပြင်ဦးလွင်မှ ပင်မှည့်သီး တစ်ပိဿာ ကျပ် ၅၀၀၀/၈၀၀၀၊ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၃၅၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်ဗူး ကျပ် ၂၀၀၀/၆၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်လုံး ကျပ် ၃၀၀/၆၀၀၊ သီပေါမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျ
