ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲတောင့်နှင့် မြေပဲလုံးဆံဈေးနှုန်း

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

         ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲ လုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်း ကောင်း ဝင်ရောက်လျက်ရှိရာ ယခုဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၁၀၀)ကျပ်နှင့်(၂၅)ပိဿာတစ်အိတ်လျှင်(၁၇၇၅၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊မြေပဲအတောင့်တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒေသတွင်းမြေပဲများထွက်ရှိလာသောကြောင့် ဈေးနှုန်းအနည်း ငယ်ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)