
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၆၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇူလိုင်လ ပထမပတ် ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၈၅၀၀ နှင့် ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၇၂၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ကန့်ဘလူပဲမျိုးစုံဈေးကွက်၌ ယခုလအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၃၅၀၀ နှင့် ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၁၄၀၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများကို တင်ပို့ရောင်းချလျက်ရှိပြီး မန္တလေးဈေးကွက်မှ အဝယ်လိုက်ပါက ကန့်ဘလူဒေသထွက်ပဲများလည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
