ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Mar 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အနေဖြင့် စားသုံးသူများ သုံးစွဲနေသောကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်မြို့နယ် တာဝန်ခံဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၄)ရက် နေ့လည် (၁:၃၀) အချိန်တွင် ပြည်မြို့နယ် အတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သစ်ရိပ်သာဒိန်ချဉ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

03 Mar 2022

       ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ငါးမွေးမြူရေးကန် (၉၉)ကန်၊ ပန်းတောင်းမြို့တွင် (၆၇)ကန်၊ ရွှေတောင်မြို့တွင် (၂၅)ကန်၊ သဲကုန်းမြို့တွင် (၈၇၈)ကန်၊ ပေါင်းတည်မြို့တွင် (၃)ကန်၊ ပေါက်ခေါင်းမြို့တွင် (၁၁)ကန်၊ စုစုပေါင်း ငါးကန် ၁၀၈၃ကန်ရှိပါသည်။ ထိုကန်များတွင် ငါးမျိုးစုံမွေးမြူ၍ ငါးဈေးကွက်အတွင်းသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ထို့ပြင် ရေချိုငါးများကို ခရိုင်အတွင်းရှိ မြစ်ချောင်းများ၊ အင်းအိုင်များမှ ဖော်ထုတ်ပြီး ငါးဒိုင်အသီးသီးသို့ ပို့ဆောင်ရောင်းချကာ ထိုမှတစ်

03 Mar 2022

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည်  လယ်ယာစိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး စပါးစိုက်ပျိုးရန် မြေဆီမြေနှစ်နှင့်ဆည်ရေရရှိသဖြင့် ဧရာပဒေသာ စပါးကိုအဓိကထားစိုက်ပျိုးကြောင်း ဧရာပဒေသာဆန်ကိုဒေသစုံမှထွက်ရှိသော်လည်း မကွေးတိုင်း စလင်း၊ ကုန်းဇောင်း၊ ပွင့်ဖြူဘက်မှထွက်ရှိသည့် ဧရာပဒေသာဆန်ကိုမမှီကြောင်း ရေ၊ မြေ ရာသီဥတု ကွာခြားမှုကြောင့် ပွင့်ဖြူ၊ ကုန်ဇောင်းဧရာပဒေသာဆန်မှာ အရည်အသွေး‌ကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုတွင်လည်း လူကြိုက်များသဖြင့် ဈေ

03 Mar 2022

         စားဖိုဆောင်သီးနှံများအနက် အာလူးသည်လည်း လူတို့နေ့စဉ်စားသုံးနေသော ဟင်းလျာတွင် ပါဝင်လျက်ရှိပါသည်။ အာလူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟဲဟိုးနှင့်နောင်တရားမြို့များတွင် အများအပြား စိုက်ပျိုးလျက်ရှိကြသည်။ အာလူးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ၂၀၂၁-၂၀၂၂ ခုနှစ်စိုက်ဧကမှာ (၃၉၇၃၃) ဧကရှိပြီး ထွက်ရှိမှုမှာ (၁၄၇၆၃၃၀၀၀) ပိဿာဖြစ်ပါသည်၊ ထို့ကြောင့်အာလူးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စားသုံးပိုလျှံသီးနှံတစ်ခုဖြစ်သည်၊ တစ်နှစ်လျှင် ပိ

01 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း သည် (၂၃-၂-၂၀၂၂) ရက်နေ့ နေ့လည် ( ၁၀:၀၀ ) နာရီ အချိန်တွင် မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာရှိ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးတင်မောင်းအေးနှင့်တွေ့ဆုံ၍ ဝါဝယ်ယူရရှိမှု၊ ကုန်ချောဝါဂွမ်းနှင့် ဝါစေ့ဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages