ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 May 2022

            မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မေလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ပြီး  မြို့ပေါ်ရှိကြက်သွန်ကုန်သည် ဂိုဒေါင်များသို့ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်

23 May 2022

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဒူးရင်းသီးရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများသို့ သွားရောက်၍ ဒူးရင်းသီးရောင်းဝယ်ဖောက်ကားမှု၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

23 May 2022

            မော်လမြိုင်မြို့၌ ယခု မေလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ)တစ်အိတ်လျှင် ကျပ် ၉၈၀၀၊ ဆင် (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ် (အဝါ) တစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေသြဇာမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

23 May 2022

 

သုညရာခိုင်နှုန်းဖြင့်မေလမှဇူလိုင်လအထိပြောင်းတင်သွင်းခွင့်ပေး

23 May 2022

           ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း ( ၂ ) မျိုးရှိကြောင်း သိရှိရပါသည်။

Pages