
အညာဒေသ၌ မိုးရာသီတွင် ထွက်ရှိသော တစောင်းခါးပင်သည် ဆေးဖက်ဝင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ချည်သောအရသာရှိသော်လည်း ချည်စူးစူးမဟုတ်ပဲ နှုတ်မြိန်စေသည့် ဟင်းလျာတစ်ခွက်ဖြစ်ပါသည်။ထို့ပြင် ဒေသခံများအနေဖြင့်လည်း မိသားစု ဟင်းတစ်ခွက်ရသည့်အပြင် အပိုဝင်ငွေရရှိသော ဒေသထွက်ကုန် ဖြစ်ပါသည်။
တစောင်းခါးသည် ကိုလက်စထရောကျစေပြီး ၊အမျှင်ဓါတ်ပါသောကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ ကိုယ်အင်္ဂါ ကိုက်ခဲနာကျင်သော ရောဂါများကို ကာကွယ်နိုင်ပြီး ဆာလောင်ခြင်း၊ ရေငတ်ခြင်းတို့ကို ထိန်းသိမ်းနိုင်သည်ဟု သိရှိရပါသည်။
၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် တစောင်းခါး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် လက္ကားရောင်းချသော ဈေးသည်များကို ဖောက်သည်ပေး၍ လက်လီ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)