ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Feb 2022

        ကယားပြည်နယ်၏ နယ်မြေဒေသအခြေအနေအနည်းငယ် ပြည်လည်တည်ငြိမ်လာသဖြင့် ပြည်နယ်အတွင်း အခြားဒေသများမှ ကုန်စည်စီးဆင်းမှုများနှင့် ပြည်နယ်မှအခြားဒေသများသို့ ကုန်စည်တင်ပို့မှုများဖြင့် ကုန်သွယ်မှုပြုလုပ်ရောင်းချလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။ အဆိုပါမြို့ဦးဂိတ်စာရင်းအရ (၂၂-၂-၂၀၂၂) ရက်နေ့တွင် ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂)စီး၊ ကွမ်းကား(၂)စီး၊ အချိုရည်ကား(၁)စီးနှင့် ကုန်စည်ကားအထွက်မှာ အချိုရည်ကား(၁)စီး တို့ကိုလည်းကောင်း၊ (၂၃-၂-၂၀၂၂)ရက်နေ့ တွင်ကုန်စည်ကားအဝင်များမ

28 Feb 2022

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်မြို့နယ် ရှိ အင်းစိန်ဈေးအတွင်းရောင်းချနေသော ရွှေသံလွင်ဆန်ဆိုင်မှ ဆန်ဈေးနှုန်းများကို နေ့စဉ်(၁၀:၀၀) နာရီအချိန်တွင် စုံစမ်းမေးမြန်းကောက်ယူလျက်ရှိပြီး ယင်းဆိုင်တွင် ငစိန်၊ ဧည့်မထ၊ ဇီယာ၊  မနောသုခ၊ ပေါ်ကျွဲ၊ ပေါ်ဆန်းမွှေးနှင့် ရွှေဘို ပေါ်ဆန်းမွှေးဆန်စသည့် ဆန်အမျိုးအစား(၆)မျိုးအား ရောင်းချလျက်ရှိပါသည်။

28 Feb 2022

                ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီ (၈) ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာခရမ်း ဖရဲ(885) အကြီးတစ်လုံးကျပ် ၅၀၀၀၊ အလတ်ကျပ် ၄၀၀၀၊ အသေးကျပ် ၃၅၀၀၊ ဘီးလင်းမှ ဖရဲ(211) အကြီးတစ်လုံးကျပ် ၂၀၀၀ ၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၈၀၀ နှင့် မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၄၀၀၊ အလတ် ကျပ် ၃၀၀၊ အသေး ကျပ် ၂၀၀ တို့ရှိကြောင်းသိရသည်။

28 Feb 2022

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့်ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေး ကားလမ်းမဘေးရှိ ရောင်းချနေသော ဖရဲသီးအရောင်းဆိုင်များသို့ သွားရောက်၍ ဖရဲသီးဈေးနှုန်း/ဈေးကွက် ရောင်းချနေမှုအခြေအနေကို သွားရောက်လေ့လာခဲ့ကြသည်။

Pages