
၂၀၂၅ ခုနှစ်မေလတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားအကြွေးများသည် အမေရိကန် ဒေါ်လာ ၄၃၅ ဘီလီယံခန့် စံချိန်တင်ခဲ့ပြီး နှစ်စဥ် ၆.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါမြင့်တက်မှုသည် နိုင်ငံခြားအကြွေးပြည်ပကဏ္ဍတွင် ကျဆင်းလာမှုများကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးဌာန၏ ညွှန်ကြားရေးမှုး Ramdan Denny Prakoso ၏ ပြောကြား ချက်အရ သိရပါသည်။ ဇူလိုင်လအတွင်း အစိုးရ၏ နိုင်ငံခြားအကြွေး များသည် အမေရိကန်ဒေါ်လာ ၂၀၉.၆ ဘီလီယံခန့်ရှိပြီး နှစ်စဥ် ၉.၈ ရာခိုင်နှုန်းတိုးတက်လာကာ ဧပြီလ နှစ်စဥ်တိုးတက်မှုထက် ၁၀.၄ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း ငွေချေးစာချုပ်များအတွင်းသို့ နိုင်ငံ ခြား အရင်းအနှီးများ စီးဝင်လာသည့်ကြားမှ နိုင်ငံတကာအချုပ်အခြာအာဏာပိုင် ငွေချေးစာချုပ် များ၏ သက်တမ်းရင့်ပေးချေမှု လမ်းကြောင်းသည် အင်ဒိုနီးရှား၏ စီးပွားရေး အလားအလာအပေါ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုကို ထင်ဟပ်စေကြောင်း Ramdan ကပြောကြားခဲ့ပါသည်။ ထို့အပြင် Ramdan က အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံအကြွေးတည်ဆောက်ပုံသည် ကောင်းမွန်လျက်ရှိပြီး ယင်းအကြွေးသည် နိုင်ငံ၏ ပြည်တွင်းထုတ်ကုန်နှင့် နှိုင်းယှဥ်လျှင် ၃၀.၆ ရာခိုင်နှုန်းခန့်ရှိပြီး ရေရှည်အကြွေးသည် ၈၄.၆ ရာခိုင်နှုန်းခန့်ရှိကြောင်း အထူးလေးပေးပြောကြားခဲ့ပါသည်။
Source: Xinhua
DOCA(ရန်ကုန်)