အမေရိကန်အကောက်ခွန် ၃၂ ရာခိုင်နှုန်းကြောင့် ပို့ကုန်ဈေးကွက်များတိုးချဲ့မည့် အင်ဒိုနီးရှား

Powered by Drupal

     အမေရိကန်၏ အကောက်ခွန် ၃၂ ရာခိုင်နှုန်းကြောင့် အင်ဒိုနီးရှားသည် ကမ္ဘာ့ဈေးကွက် များသို့တင်ပို့မှုဆက်လက်တိုးချဲ့သွားမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Dyah Roro Esti Widya Putei က ဇူလိုင်လ ၈ ရက်‌နေ့က ပြောကြားခဲ့ပါသည်။ နိုင်ငံတကာဈေးကွက် လမ်းကြောင်းတိုးချဲ့ခြင်းသည် နိုင်ငံ၏ကုန်သွယ်ရေးတည်ရှိမှု အားကောင်းရန် သမ္မတ Prabowo Subianto ထံမှ ဗျူဟာမြောက် ညွှန်ကြားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အင်ဒို နီးရှားသည် တင်ပို့မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ဘက်ပေါင်းစုံကုန်သွယ်ရေးသဘောတူညီချက် များမှတစ်ဆင့် ပီရူး၊ ကနေဒါနှင့် တူနီးရှားတို့နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ Putri က အင်ဒိုနီးရှားအစိုးရသည် အမေရိကန်နှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးမှုအောက်တွင် အကောက်ခွန်မူဝါဒနှင့်ပတ်သတ်၍ အမေရိကန်ထံမှ တရားဝင်ကြေညာချက်ကို ဆက်လက်စောင့်ဆိုင်းလျှက်ရှိကြောင်း သိရပါသည်။ Putri ၏အဆို အရ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးသည် နိုင်ငံ၏ကုန်သွယ်ရေးအကျိုးစီးပွားနှင့် ပတ်သတ်၍ ညှိနှိုင်းဆွေးနွေးရန် အမေရိကန်သို့ရောက်ရှိနေကြောင်း သိရပါသည်။ လတ်တလော ညှိနှိုင်းဆွေးနွေးမှုများရှိနေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အင်ဒိုနီးရှား ထုတ်ကုန်များအပေါ် ချမှတ်ထားသည့် သွင်းကုန်အကောက်ခွန် ၃၂ ရာခိုင်နှုန်းမှာ ပြောင်းလဲခြင်း မရှိကြောင်း သိရပါသည်။ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားထံမှထုတ်ကုန်များအပေါ် အကောက်ခွန် ၃၂ ရာခိုင်နှုန်းကောက်ခံမည်ဟု အင်ဒိုနီးရှား သမ္မတ Prabowo ထံ ဇူလိုင်လ ၇ ရက်နေ့ကစာရေးသားပေးပို့ခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)