ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Apr 2022

             ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်နှင့်  မိုင်းယုဒေသရှိ တရုတ်-မြန်မာကုန်သွယ်မှုများပြုလုပ်သည့် ကျိန်းရဲတံတားကို (၁၉.၇.၂၀၂၁) ရက် နေ့မှစတင်၍ ပိတ်ထားခဲ့သည်မှာ တစ်နှစ်နီးပါးခန့်ရှိခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ဒေသထွက်ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချချိန်တွင် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် တရုတ်ဈေးကွက်ကို အဓိကအားထားနေရသော ရွှေဖရုံစိုက်တောင်သူများ အခက်တွေ့နေကြောင်း သိရှိရပါ သည်။

27 Apr 2022

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် သံပုရာစိုက်ပျိုးသူများရှိပါသည်။ သံပုရာကို တချို့မှာ အိမ်ခြံဝိုင်းထဲတွင် စိုက်ပျိုးသလို ဉယျာဉ်ခြံများတွင်လည်းစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် သံပုရာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံရန် ပြည်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကုန်းဇင်းအုပ်စု၊ ဇီးတောကျေးရွာသို့သွားရောက်ခဲ့ပါသည်။

27 Apr 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သော စိမ်းရောင်စိုကုန်စိမ်း အစုအဖွဲ့ကိုဖွဲ့စည်းပြီး စိုက်ပျိုးထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ သဲကုန်းမြို့နယ်မှ ထွက်ရှိသောဟင်းသီးဟင်းရွက်များကို ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ နေ့စဉ် သယ်ယူပို့ဆောင်ရောင်းချလျှက်ရှိရာ သင်္ကြန်အခါကာလနှစ်ကူးချိန်၍ မြန်မာလူမျိုးများအနေဖြင့် ဥပုဒ်သီတင်းစောင့်ကြသလို အချို့မှာ အိမ်တွင် အနားယူနေကြသောကြောင့် လုပ်ငန်းမျာ

27 Apr 2022

             ယခုတစ်ပတ် ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများထဲတွင် ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံ ပဲသစ်ဝင်ရောက်မှု လျော့နည်းပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း အေးလျက်ရှိခဲ့ရာ ပြည်တွင်းဝယ်လက် ပဲသီးနှံ များမှာဖြင့် ပုံမှန်ဝင်ရောက်နေပြီး အရောင်းအဝယ်မှာလည်း သွက်နေသည်ကိုတွေ့ရှိရပါသည်။ ကုလားပဲနှင့် ပဲကြီးသီးနှံများမှာ ပြည်ဈေးကွက်သို့ တစ်ရက်လျှင်အိတ်၁၀၀/၂၀၀ကျော်ဝင်ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် ဒေသတွင်းပဲခွဲစက်သမားများနှင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူနေကြသည့်အတွက် အဝယ်ရှိသလော

27 Apr 2022

         ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲသီးနှံဈေးများ၊ သင်္ကြန်ကာလမတိုင်ခင်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာသည်ကို တွေ့ရှိရပြီး ဗဟိုဘဏ်၏ ဒေါ်လာငွေအပေါ် မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့၍ အခိုက်အတန့်ဈေးနှုန်းများကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ပိဿာ(၂၀)တစ်တင်း(၄၉၀၀၀)ကျပ်ဖြင့် ယခုကာလ ပဲအဝင်နည်းပြီး လိုင်းသမားများ ပုံမှန်အဝယ်ရှိ၍ အိတ် ၂၀၀ကျော် နေ့စဉ်ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

Pages