ကုန်သွယ်မှုသတင်းများ
ယခုတစ်ပတ်၏ ပြောင်းသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀၈၀) ကျပ်မှ (၁၁၀၀) ကျပ်ဖြစ်ပါသည်။ ပြောင်းအဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူမှာ တောင်သူလက်ကျန်နည်းပါးလာသောကြောင့် အဝင်နည်းလာကာ ဈေးဆက်တက်လာပါသည်။ ကြက်သွန်ဖြူပေါက်ဈေးမှာ တစ်ပိဿာလျှင် ထူး-၁ (၅၆၀၀) ကျပ်၊ ထူး-၂ (၆၀၀၀) ကျပ်၊ ထူး-၃(၆၅၀၀) ကျပ်၊ ထူး-၄(၇၀၀၀) ကျပ်၊ ထူး-၅ (၇၇၀၀) ကျပ်၊ ထူးလွန် (၇၈၀၀) ကျပ်နှင့် ကြူကုတ်မှာ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်တို့ဖြစ်ပါသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။
မိတ္ထီလာစျေးကွက်တွင် ဇွန်လတတိယပတ်အတွင်း နယ်ဝေးတင်ပို့မှုနည်းကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်မှ ရန်ကုန်၊ ပဲခူးမြို့များသို့ ပုံမှန်အားဖြင့် တင်ပို့မှုရှိသော်လည်း၊ ယခုတစ်ပတ် ရန်ကုန်သို့ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ပဲခူးသို့လည်း ခြောက်ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၄၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရောနှောတင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီနှင့် မူဆယ်သို့ တင်ပို့မှုများခဲ့သော်လည်း ယခုတစ်ပတ်မူဆယ်သို့ တွဲကား တစ်စီး ကုန်ပိဿာ (၂၀၀၀၀) ခန့် သာတင်ပို့နိုင်ခဲ့ပါသည်။ ဒေသတ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၄၀၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည် တစ်အိတ် လျှင်(၉၅၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၃၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀ဝိ/)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၆၀ဝိ/-) ကျပ်၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊(လတ်
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ခရိုင်အတွင်းတွင် ကြက်သွန်ဖြူစိုက်ဧက(၂၁၇)ဧကစိုက်ပျိုးထားရှိပြီး ဧပြီလကုန်ပိုင်းမှစ၍ အားလုံးရိတ်သိမ်းပြီးဖြစ် ပါသည်။ကြက်သွန်ဖြူ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအပါအဝင်(၁၂၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ မျိုးအနေဖြင့် ဗမာကြက်သွန်မျိုးများကိုသာ စိုက်ပျိုးကြပါသည် ။ တစ်ဧက ကြက်သွန်ဖြူစိုက်ပျိုးမှုမျိုးအနေဖြင့်ပိ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နေကြာကို တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသော်လည်း မိုးကြိုနေကြာကို စဉ့်ကိုင်မြို့နယ်တွင်သာ စိုက်ပျိုးနိုင်ခဲ့ပါသည် ။ စိုက်ဧကအနေဖြင့် (၁၁၉၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးဧကအားလုံးရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည် ။ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၂၅-၃၅)တင်းအထိ ထွက်ရှိပြီး ကုန်ကျ စရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာ တစ်တင်းလျှင်(၁၈၀၀၀/-)ကျပ်၊ နေကြာဆ