အီသီယိုးပီးယားသည် ကော်ဖီတင်ပို့မှုမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံ စံချိန်တင်ခဲ့

Powered by Drupal

     အီသီယိုးပီးယားနိုင်ငံ၌ ကော်ဖီတင်ပို့မှုမှ စံချိန်တင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံ ရရှိခဲ့ကြောင်း အီသီယိုးပီးယား ကော်ဖီနှင့် လက်ဖက်ရည် အာဏာပိုင်အဖွဲ့ (ECTA) မှ ထုတ်ဖော် ပြောကြားခဲ့သည်။ ဇူလိုင် ၇ ရက်က ကုန်ဆုံးခဲ့သော အီသီယိုးပီးယား ၂၀၂၄/၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေရရှိရန် အရှေ့အာဖရိကနိုင်ငံသည် ကော်ဖီတန်ချိန် ၄၆၈၉၆၇ တင်ပို့ခဲ့ကြောင်း ECTA က အင်္ဂါ နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄/၂၀၂၅ ဘဏ္ဍာနှစ်တွင် တင်ပို့သည့် ကော်ဖီပမာဏသည် ယခင် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၇၀၄၇၈ ကျော် တိုးလာကြောင်း အာဏာပိုင်များထံမှ သိရသည်။ အာရေဗျကာကော်ဖီ၏ မူလအစအဖြစ် သတ်မှတ်ခံထားရသော အီသီယိုးပီးယားသည် အာဖရိက၏အကြီးဆုံး ကုန်စည်ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများထဲမှ တစ်ခုဖြစ်သည်။ ကော်ဖီ ထုတ်လုပ်မှုကို နိုင်ငံ၏ စိုက်ပျိုးရေးဦးဆောင်သော စီးပွားရေး၏ ကျောရိုးအဖြစ် ရှုမြင်ကြသည်။ ၎င်း ၏ အရည်အသွေးနှင့် ကြွယ်ဝသော အရသာများအတွက် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားသည့် ဝိုင်နီမှ အသီးအနှံများနှင့် ချောကလက်များအထိ၊ အီသီယိုးပီးယားကော်ဖီသည် ကမ္ဘာတစ်ဝှမ်းတွင် ဝယ်လိုအားအလွန်ကောင်းမွန်လျှက်ရှိကြောင်းသိရသည်။

 

Source : Xinhua                                                                                 

DOCA(ရန်ကုန်)