ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jun 2023

    ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း စပါးကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ယခုဇွန်လတွင် မိုးစပါးရာသီအတွက် စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ပြီး ဧရာပဒေသာစပါးမျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ယခင်နှစ်ကစပါးမျိုး(၁)တင်းလျှင်(၂၀၀၀၀/-)ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ဧရာပဒေသာမျိုးစပါးတစ်တင်းလျှင်(၂၈၀၀၀-၃၀၀၀၀)ကျပ်အထိစျေးပေးဝယ်ယူရကြောင်း၊ တစ်ဧကစိုက်ပျိုးရန်အတွက် စပါးမျိုး(၂)တင်းပျိုးထောင်ရကြ

26 Jun 2023

     ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ တတိယအပတ်အတွင်း နေ့စဉ် ကုန်ချိန်ပိဿာ(၆)သောင်းခန့်နှုန်းဖြင့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

26 Jun 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ

26 Jun 2023

    ပခုက္ကူမြို့နယ်ရှိ ရွှေတန်းတစ်ကျေးရွာတွင် ယာလုပ်ငန်းများအပြင် တစ်နိုင်တစ်ပိုင် ဝါးထောင်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ရှေးယခင်ကတည်းကပင် မိသားစုလိုက် တစ်နိုင်တစ်ပိုင် ဝါးကပ်၊ ထရံ၊ ဝန်းထရံများကို ယက်လုပ်ကြကြောင်းသိရှိရပါသည်။

26 Jun 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေသတွင်းထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် မြေပဲဆုံဆီလုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။

Pages