အင်ဒိုနီးရှားသည် ရှားပါးအင်းဆက်များ တရားမဝင်အွန်လိုင်းရောင်းဝယ်မှုကို တားမြစ်ထား

Powered by Drupal

     ရှားပါးအင်းဆက် ရာပေါင်းများစွာပါဝင်သော တရားမဝင် ကုန်သွယ်မှု လုပ်ငန်းကို သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း Maluku နှင့် Papua ဒေသများအတွက် သစ်တောဥပဒေစိုးမိုးရေးအေဂျင်စီ အကြီးအကဲ Fredrik E. Tumbel က ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဇွန်လအစောပိုင်းတွင် အေဂျင်စီ၏ ထောက်လှမ်းရေးယူနစ်မှ ဆောင်ရွက်သော ဆိုက်ဘာကင်းလှည့်မှုတစ်ခုအပြီးတွင် အဆိုပါအမှုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Tumbel မှ ပြောကြားခဲ့သည်။ အနောက်တောင် ပါပူဝါ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး အေဂျင်စီ နှင့် ညှိနှိုင်းပြီး အာဏာပိုင်များသည် သံသယရှိသူတစ်ဦးကို ဖမ်းဆီးကာ အင်းဆက်နမူနာ အများ အပြားကို သိမ်းဆည်းခဲ့သည်။ စုစုပေါင်း ထိန်းသိမ်းထားသော လိပ်ပြာနှင့် ပိုးကောင် ၁၇၀ ကို တာဝန် ရှိသူများက ဖမ်းဆီးရမိခဲ့သည်။ "တရားမဝင်အွန်လိုင်းရောင်းဝယ်မှုအပါအဝင် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ ချိုးဖောက်မှုမှန်သမျှကို အေဂျင်စီက ပြတ်ပြတ်သားသားအရေးယူဖို့ ကတိပြု ထားပါတယ်" ဟု Tumbel က ပြောကြားခဲ့သည်။ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ တောရိုင်းတိရိစ္ဆာန်များ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

 

Source : Xinhua                                                                                

 DOCA(ရန်ကုန်)