ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စီးပွားဖြစ်သရက်စိုက်ဧက ၆၇ ဧကရှိရာ အများစုမှာ စိန်တလုံးသရက်များ ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ် ကျေးရွာမှ မျိုးများဝယ်ယူပြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အနောက်ဘက်တွင် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။
ဘူးသီးများကို မြန်မာလူမျိုးများသည် ဟင်းလျာအဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း၊ အမျိုးမျိုးပြုလုပ်၍ စားသုံးလျက်ရှိပါသည်။ ဘူးသီး၏ပုံသဏ္ဌာန်အရ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှုတ်၊ ဘူးခါးဟူ၍ အမျိုးမျိုးရှိပါသည်။ ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်းဖြစ်သော အောက်တိုဘာလ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ရေမဝပ်သောကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်ကို အိမ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိ

ယခုတစ်ပတ်၌ ပြည်ဈေးကွက်တွင် ကြက်သွန်နီသီးနှံဈေးနှုန်းမှာ ပျမ်းမျှလျှင် ကျပ် (၂၅၀) ခန့်ကျဆင်းသွားပြီး ဝင်ရောက်မှုမှာ ကျောက်ပန်းတောင်း၊ တောင်တွင်း၊ ဆိပ်ဖြူဘက်တို့မှ ပိဿာချိန် (၃) သောင်းကျော်ခန့်ရက်ခြားအဝင်ရှိသဖြင့် ယခင်အပတ်ထက် အဝင်များနေကြောင်း သိရပါသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာလည်း ယခင်၌ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၂၅၀၀/ ၂၆၀၀/၂၇၀၀) တို့ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်၌ ဈေးမှာ ကျပ် (၂၂၀၀/၂၃၀၀/၂၄၀၀) နှုန်းတို့ရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရပ

၂၀၂၃ ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိ
၂၀၂၃ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၇၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၉၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၇၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၉၀၀)ကျပ် ဖြစ်ပါသည်။