ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Apr 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စက်သုံးဆီနှင့် စားအုန်းဆီများကို ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် အခါအားလျော်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

07 Apr 2022

              စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင် ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်  မတ်လ ၃၀ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

07 Apr 2022

            ပိုက်ဆံလျှော်ပင်သည် လျှော်အဖြစ်ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးဝင်လှသော စိုက်ပျိုးရေးကဏ္ဍမှာ အရေးပါသည့် အပင်ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်များသည် ပိုက်ဆံလျှော်၏ အသုံးဝင်မှုများအပြင် အခြားသီးနှံများ မဖြစ်ထွန်းနိုင်သောအခြေအနေတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးရေးအတွက် အ‌ရေးပါသော သီးနှံဖြစ်ကြောင်းဆိုပါသည်။

07 Apr 2022

            ခရမ်းပင်ဟာ ပူနွေးသောရာသီဥတုရှည်ကို ကြိုက်သော အပင်ဖြစ်သည်။ အပူချိန် (၁၃) ဒီဂရီမှ (၂၅) ဒီဂရီတွင် အသင့်တော်ဆုံးဖြစ်သည်။ ခရမ်းပင်မျိုးစေ့အားပျိုးထောင်ရန် ကောင်းစွာဆွေးမြေ့သောနွားချေး၊ သစ်ရွက်စိမ်းမြေသြဇာများ အသုံးပြု၍(၃) ပေအကျယ် (၁၀) ပေအရှည် ဘောင်များပြုလုပ်ပျိုးထောင်ရပါသည်။ တစ်ဧကအတွက် မျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် စိုက်ပျိုးရပြီး ၊ ပျိုးပင်များ ကြပ်မနေစေရန်မျိုးစေ့အား ခပ်ကြဲကြဲဖြူးပေးရပါသည်။

07 Apr 2022

         ကမ္ဘာ့ရွှေဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်မှာဆိုရင် တနင်္လာနေ့မှာ ၁ အောင်စကို ၁၉၂၀ ဒေါ်လာနဲ့  ဈေးဖွင့်ခဲ့ပြီး သောကြာနေ့မှာ ၁၉၅၇ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။ တစ်ပတ်တာအတွင်း  မှာ ကမ္ဘာ့ရွှေဟာ  အမြင့်ဈေး ၁၉၆၅ ‌ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံး ၁၉၁၀ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာရွှေဟာ တစ်ပတ်တာအတွင်းမှာ ၅၅ ဒေါ်လာခန့် ဈေးအလှုပ်အခတ် ဖြစ်ခဲ့ပြီး ၃၇ ဒေါ်လာခန့် အတက်ဖက်သို့ အားသာခဲ့ပါတယ်။ ကမ္ဘာ့ရွှေဟာ ဘာကြောင့် အတက်ဖက် သို့ အားသာခဲ့ရတာလည်းဆိုရင် ရုရှားနိုင်ငံနဲ့ ယူကရိန်းနို

Pages