ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jun 2023

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၃၁-၅-၂၀၂၃) ရက်နေ့မှ  (၆-၆-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး

13 Jun 2023

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁-၆-၂၀၂၃) ရက်နေ့မှ (၆-၆-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဘီးလင်းမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၀၊ သီပေါ၊ မိုင်းရယ်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံး

13 Jun 2023

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ် ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ၂၀၂၃ခုနှစ် ဇွန်လ (၁)ရက် မှ (၇)ရက်နေ့ထိ (ပထမပတ်)အတွင်း ကြက်သွန်နီများ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ပိဿာ (၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခွဲခန့် ဈေးကွက်သို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

13 Jun 2023

     ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ် ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေပါသည်။

13 Jun 2023

    ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုတစ်ပတ် (၁.၆.၂၀၂၃)ရက်နေ့မှ (၇.၆.၂၀၂၃)ရက်နေ့ထိ  အရောင်းအဝယ်ဖြစ်နေသော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၅၇၀၀-၉၆၀၀၀-၁၀၄၈၀၀)၊ ကုလားပဲ ဝါလုံးကြိး(929) တစ်တင်းလျှင် ကျပ်(၈၂၀၀၀- ၈၂၅၀၀-၈၃၇၀၀)၊ ကုလားပဲဖြူလုံး(HL)တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၈၆၀၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ

Pages