ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Jun 2023

      ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ ဧရာမင်းတစ်ပြည်လျှင် (၃၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီမြစ်သားအမျိုးအစားလက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၂၃၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံ

07 Jun 2023

    ပခုက္ကူခရိုင်၊ မြို့မစည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် ပခုက္ကူမြို့နယ် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များ၊ ကမ္မ၊မြစ်ခြေနှင့် ကျောက်ပန်းတောင်း၊  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ညောင်ဦးနယ်များရှိ ကျွန်းများမှ ကုန်သည်များ လာရောက်  ရောင်းဝယ်ဖောက် ကားလျက်ရှိပါသည်။

07 Jun 2023

       ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြို နှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

07 Jun 2023

    ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ် မေလ (စတုတ္ထ)ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀-၈၅၃၀၀)ကျပ်၊ ကုလားပဲဝါ လုံးကြီး (929) တစ်တင်းလျှင် (၇၇၁၀၀-၇၈၅၀၀)ကျပ်၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် (၇၉၀၀၀) ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် (၄၅၀၀၀-၆၆၀၀၀)ကျပ်၊  ပဲဇီးကွက် တစ်တင်းလျှင် (၄၂၀၀၀-၄၂

07 Jun 2023

     ဆီးပင်သည် ပူအိုက်စွတ်စိုသောဒေသများတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သည်နှင့်အညီ ပူပြင်းသောရာသီဥတုရှိသည့် ပခုက္ကူဒေသတွင်လည်း ယာမြေများဘေး၌ အများအပြား ပေါက်ရောက်လျက်ရှိပါသည်။ အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သော်လည်း ပင်စည်မှစ၍ အသီး၊ အသီးဖတ်များနှင့် အဆံအထိ အသုံးဝင်သော အပင်မျိုးဖြစ်သည်။

Pages