အရိုးဆက်ပင် ဈေးနှုန်းဈေးကွက်

Powered by Drupal
နေရာဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးရှိကြသည်။ ကြာဖက်ကြီး၊ အရိုးဆက်ပင်၊ အသားဆက်ပင်၊ တောပရုတ်ဆီပင် ဟူ၍လည်းခေါ်ကြသည်။ အရိုးဆက်ပင်၊ အသားဆက်ပင် ၊ အ‌ကြော ဆက်ပင် တဖြစ်လည်းခေါ်သည်။ အရိုးဆက်ပင်သည် ကျွန်းရွက်နှင့်ဆင်တူပြီး ဖက်ခါးပင်အသီးနှင့် ဆင်တူသည်။အရိုးဆက်ပင်၏အရွက်သည် အင်ရွက်ထက်ကြီး၏။ ခွေးသွားစိတ်ရှိ၏။ အကိုင်းများ စိမ်း၏။ အပွင့်သည်ဖြူ၏။ အရိုးဆက်ပင်၏အမြစ်ကိုသွေးလိမ်းက ပွေးပျောက်၏။ အရိုးဆက်ရွက် သတ္ထုရည်ကိုအနာမြုံများ၌ အုံပေးလျှင်အနာကျက်၏ အသားနုတက်စေ၏။ ခန္ဓာကိုယ်တွင် ကိုက်ခဲ နာကျင်လျှင် ၎င်းမြစ်ကိုသွေး၍ မီးနှင့်နွေးပြီးလိမ်းဆေးအဖြစ်လိမ်းကပျောက်၏။ အနာသည်သွေးများ ယိုစီးလျှင် လိမ်ပေးကသွေးရပ်ပြီး အနာပဆုပ်ကျောလုံးပုပ်ဆိုသည့်အနာများကို အရိုးဆက်ရွက် ညက်အောင်ထောင်းပြီးအုံပေးပါကပျောက်၏။ပျောက်ရန်ခက်ခဲသောအနာအို၊အနာဆွေးများလည်းပျောက်ကင်းသည်။ အရိုးကျိုး၊ အရိုးအက်ပါက ၎င်းနည်းအတိုင်းပြုလုပ်၍ ကောင်းမွန်သည်ဟု ဆေးပညာ ဗဟုသုတမှလေ့လာသိရှိရပါသည်။ဆေးဖက်ဝင်ရုံမက ပန်းလည်းလှသည့် အရိုးဆက်ပင် ကိုစိုက်ပျိုးထားသင့်ပါသည်။ အရိုးဆက်ပင်တစ်ပင်လျှင် (၃၀၀၀/၅၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း ပန်းပျိူးပင်အရောင်းဆိုင်မှသိရှိရသည်။ DOCA(မန္တလေး)