ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုအစီအစဉ်အား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ဆီအုန်းစိုက်ခင်း ဧရိယာ၏ နှစ်ဆတိုးမြှင့်၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

ပြည်တွင်းစက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို တားမြစ်ကန့်သတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၃ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ ထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ်ခန့်မှန်းချက် ကို ၂၅-၅-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ရာ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁၄၉.၁၈ သိန်း ပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၃၃၀၅.၃၄ သိန်းအထိ စံချိန်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာ၌ ခန့်မှန်းထားသည်ထက် ၂.

အာဖရိကဒေသရှိ ဆီနီဂေါ၊ ဂမ်ဘီယာနှင့် ဂျီဘိုတီ နိုင်ငံများသို့ အစိုးရချင်း ညှိနှိုင်းသည့် G2G အစီအစဉ်ဖြင့် ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကို တင်ပို့ဖွယ်ရှိကြောင်း အိန္ဒိယ ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြပါသည်။ ပြည်ပနိုင်ငံများ၏ စားနပ်ရိက္ခာ ဖြည့်ဆည်းရန် လိုအပ်ချက်အရ ဆန်ကွဲတင်ပို့ခြင်းကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ ဆန်ကွဲတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ်ထားသော်လည်း အခြားသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများမှ တောင်းဆိုလာပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြားနိုင်ငံများသို့ ဆန်ကွဲတင်ပို့ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
