ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား စျေးကွက်အတွင်း ဖြန့်ချိခြင်း၊ လက်လီရောင်းချခြင်းများ မပြုလုပ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)နှင့် အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး (၂၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ချောက်မြို့မစျေးရှိ ကုန်စုံဆိုင်(၆)ဆိုင်နှင့် စတိုးဆိုင်(၄)ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင
မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသောရေထွက်ပစ္စည်းများမှာ မေလ(စတုတ္ထပတ်)တွင် ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ငါးနီတူး(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၆၀၀၀)၊ ငါးပုတ်သင်ကြီး/သေး(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀၊၁၄၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၅၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ ငါးရံလုံး(၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးရံ့ပြားသေး(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၅၈၀၀၀)၊ ပုစွန်ခြောက်

၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း မင်းဘူးမြို့မဈေး၌ ဆန်ဈေးအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီဈေးများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၏အနောက်ဘက် (၁၂)မိုင်အကွာ၊ ဗိဿနိုးမြို့ဟောင်းအနောက်ဘက်တွင်ရှိသော ကုက္ကိုခွကျေးရွာသည် ဘိုးဘွားအစဉ်အဆက် မိရိုးဖလာရိုးရာလက်မှုလုပ်ငန်းအတတ်ပညာတစ်ခုဖြစ်သောအိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိ ကြောင်း သိရှိရပါ သည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၂၅) ဧကသာစိုက်ပျိုးသဖြင့် စားနပ်ရိက္ခာဆန်ဖူလုံမှုမရှိ၍ စပါးအဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံစီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိ
