ကုန်သွယ်မှုသတင်းများ
စားအုန်းဆီအစား ပဲပုပ်ဆီ၊ နေကြာဆီတို့ဖြင့် အစားထိုးလာမှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် မေလ၌ ၂၇ လအတွင်း အနည်းဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယနိုင်ငံ၌ စားအုန်းဆီတန်ချိန် ၂၆၁၀၀၀ ခန့်ကို သက်ဆိုင်ရာဆိပ်ကမ်းများတွင် သင်္ဘောဆီချနိုင်ခဲ့ပြီး မေလကုန်အထိ လက်ကျန် ၁၁ ရက်အတွင်း တန်ချိန် ၁၅၀၀၀၀ ထပ်မံဝင်ရောက်နိုင်ပြီး စုစုပေါင်း စားအုန်းဆီတန်ချိန် ၄၁၁၀၀၀ ခန့်ရှိနိုင်သည်ဟု အိန္ဒိယကုန်သည်များနှင့် ကုန်စည်ပ

အိန္ဒိယနိုင်ငံတွင် ယခင်နှစ် ဝါဂွမ်းဈေးနှုန်းသို့ မြင့်တက်ရောက်ရှိရန် မျှော်မှန်းပြီး သိုလှောင်ထားခဲ့ကြသော ဝါဂွမ်းများကို လယ်သမားများမှ ဈေးကွက်သို့ပို့ဆောင် ရောင်းချမှုများပြားလာသဖြင့် ဝါဂွမ်းဈေးနှုန်းများမှာ ၈% မှ ၁၂% အကြား အသီးသီးလျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ဝါဂွမ်းများအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ဖျက်ပေးခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသူများအတွက် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှုနှင့် ၅ ရက်တာစောင့်ဆိုင်းနေရမှုကို လျော့နည်းသက်သာစေခဲ့ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ နည်းပညာကိုယ်စားလှယ်အဖွဲ့၏ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ အမေရိကန

အစားအသောက် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် အထူးသဖြင့် အမျိုးသမီးများ ပါဝင်လုပ်ကိုင်လျက်ရှိသော လုပ်ကွက်ငယ်လယ်သမားပေါင်း ၁၂၃၀၀၀ ကျော်၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိသော ဆန်စပါးဈေးကွက်အဖြစ် မြှင့်တင်နိုင်ရန် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) သည် Meghna Group of Industries (MGI) ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Tanveer Food Limited (TFL) သို့ ဒေါ်လာ ၃၅ သန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဆန်တန်ချိန် ၂.၇၉ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (ဘတ်ငွေ ၅၁.၂ ဘီလီယံ) တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့မှုထက် ၂၃% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
