ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရား ဒေသတို့မှလည်း မှာယူရောင်းချလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကွမ်းကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရွာသွန်းခဲ့သောမုန်တိုင်းမိုးရွာသွန်းပြီးနောက် မိုးမျှော်နေသောတောင်သူများမှာ မိုးမြေပဲများကို စတင်စိုက်ပျိုးနိုင်ခဲ့ကြပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၁၈၂၆၀) ဧကရှိခဲ့ပြီး စိုက်ပျိုးမှုအနေဖြင့် (၁၈၃၁၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၄၇) တင်းနှုန်းထွက်ရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် စိုက်ပျိုးရန်လျာထားဧက (၁၈၂

မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီး ဧရာဝတီမြစ်သည် မြင်းခြံခရိုင်၏ အနောက်ဘက်၌ တည်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံကို မိုးနှမ်းသီးနှံစိုက်ပျိုးရာ၌ ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိကြရာ ပဲစင်းငုံသီးနှံစိုက်ပျိုးမှုအလွန်နည်းပါးပါသည်။ (၂၀၂၀-၂၀၂၁) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၅၂၇၇) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၂) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၈၆၇၁၉၁) တင်းထွက်ရှိခဲ့ပါသည်။ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၈၃၁၂) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၀) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၉၀
